တစစီဖြုတ်ပြီး hardware ဈေး တွက်ထားတာပါ

ပြည်တွင်းဈေးကွက်မှာ အနည်းဆုံး ၂၄ သိန်းကျပ်ကနေ အမြင့်ဆုံး ၃၂ သိန်းခွဲအထိ ဈေးပေါက်နေတဲ့ iPhone XS Max ဟာ Apple သမိုင်းမှာ ဈေးအမြောက်ဆုံး ဖုန်းပါ။ ဒီဖုန်းရဲ့ မူရင်းကုန်ကျစရိတ်ကို တွက်ချက်ကြည့်သူတွေကတော့ အနီးစပ်ဆုံးခန့်မှန်း ကုန်ကျငွေကို ထုတ်ပြန်နေပြီ ဖြစ်ပါတယ်။



27807-42109-iPhone-XS-Internals-l.jpg

Photo: TechInsights

 

ဈေးကွက်ဆန်းစစ်မှုတွေ လုပ်တဲ့ TechInsights ကုမ္ပဏီဟာ 256GB မော်ဒယ် iPhone XS Max ဘယ်လောက် တန်သလဲဆိုတာ တစစီ ဖြုတ်ပြီး တွက်ချက်ကြည့်ပါတယ်။ လောလောဆယ် ဈေးကွက်မှာ လူကြိုက်အများဆုံး iPhone မော်ဒယ်ပါ။

တရားဝင် ၁၂၄၉ ဒေါ်လာ ပေါက်ဈေးရှိတဲ့ iPhone XS 256GB မော်ဒယ်ဟာ စုစုပေါင်း ၄၄၃ ဒေါ်လာပဲ တန်တဲ့ ပစ္စည်းတွေကို သုံးထားတယ်လို့ဆိုပါတယ်။ ဒီဈေးအတိုင်းဆိုရင် သုံးထားတဲ့ hardware တွေအတွက် ပေးရငွေဟာ အပြင်ပေါက်ဈေးရဲ့ ၃၅% ပဲ ရှိတယ်လို့ဆိုရမှာပါ။

TechInsights ရဲ့ တွက်ချက်မှုအရ ဈေးအကြီးဆုံး ဖြစ်တဲ့ OLED panel ဟာ ၈၀.၅၀ ဒေါ်လာကုန်ကျပြီး A12 chip နဲ့modem အတွက် ၇၂ ဒေါ်လာ ၊ storage နဲ့အပြင်အကာတွေအတွက် ၆၄ဒေါ်လာနဲ့၅၈ ဒေါ်လာ အသီးသီးကျသင့်တယ်လို့ဆိုပါတယ်။ ကင်မရာတွေအတွက် iPhone XS Max ရဲ့ ကုန်ကျမှုဟာ ၄၄ ဒေါ်လာ ရှိပါတယ်။

စိတ်ဝင်စားစရာက ဒီစရိတ်စကဟာ အရင်နှစ် iPhone X 64GB ရဲ့ ကုန်ကျမှုထက် ၄၇ ဒေါ်လာပဲ ပိုများတာပါ။ ဈေးအားဖြင့် iPhone XS Max ရဲ့ 25GB မော်ဒယ်ဟာ iPhone X  256G ဗားရှင်းထက် ဒေါ်လာ ၃၀၀ ပိုများနေပါတယ်။ တစ်ခုရှိတာက 256GB မော်ဒယ်အတွက် ၄၄၃ ဒေါ်လာပဲ ကျသင့်လို့ကျန်တဲ့ ဒေါ်လာ ၈၀၀ ကျော်က အမြတ်ချည်းလို့လည်း တွက်မရပါဘူး။

Apple အနေနဲ့ဖုန်းတစ်လုံး အရောင်းထွက်ဖို့အတွက် သုံးရတဲ့ ကြော်ငြာစရိတ် ၊ သုတေသန ၊ ဝန်ထမ်းနဲ့သယ်ပို့စရိတ်တွေအပြင် တစ်ခြားကုန်ကျစရိတ်တွေလည်း ရှိပါတယ်။ ၄၄၃ ဒေါ်လာဆိုတဲ့ နေရာမှာလည်း သုံးထားတဲ့ ဆော့ဖ်ဝဲလ်အတွက် မပါရှိပါဘူး။

Photo: The Boston Globe

 

၂၀၁၅ ခုနှစ်ကတည်းက ဖုန်းကို တစစီ ဖွင့်ပြီး အထဲက ပစ္စည်းတန်ဖိုး လိုက်တွက်တာဟာ တကယ့်ပစ္စည်းဈေးကို ဖော်ပြနိုင်မှာ မဟုတ်ဘူးလို့Apple CEO တင်မ်ကွတ်ကတော့ ပြောခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က