တရုတ်ဈေးကွက်မှာ အရင်ဆုံးမိတ်ဆက်မှာပါ

Apple ကတော့ တရုတ်ဈေးကွက်ထဲမှာ iPhone XS/XS Max တို့ကို Product (RED) ဗားရှင်းအနေနဲ့ဖြန့်ချိသွားတော့မှာပါ။

         HIV/AIDS ပြန့်ပွားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ RED အတွက် Global Fund အနေနဲ့ရန်ပုံငွေအတွက် ရည်ရွယ်ပြီး Apple ဟာ iPhone တွေမှာ Special Edition အနေနဲ့ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၈ မော်ဒယ် iPhone သစ်တွေထဲမှာ ဈေးအနည်းဆုံး iPhone XR ကတော့ အဖြူ ၊ အနက် ၊ အပြာ ၊ အဝါနဲ့သန္တာရောင်အပြင် အနီရောင်ဆိုပြီး ကာလာ ၆ မျိုးနဲ့မိတ်ဆက်ခဲ့ပြီး iPhone XS/XS Max တို့မှာတော့ အနီရောင်ဗားရှင်း ထွက်မထားပါဘူး။



Photo: 9to5mac    

     Apple ဟာ iPhone XS/XS Max တို့ကို ငွေရောင် ၊ Space Gray နဲ့ရွှေရောင် ကာလာ ၃ မျိုးနဲ့မိတ်ဆက်ထားတာပါ။ ဒီလကုန်ပိုင်းကစပြီး တရုတ်ဈေးကွက်မှာတော့ iPhone XS နဲ့iPhone XS Max တို့ဟာ Product (RED) ဗားရှင်းအဖြစ် အနီရောင်ကာလာနဲ့ထွက်လာတော့မှာ ဖြစ်ပါတယ်။ Apple အနေနဲ့အရင် iPhone 7/7 Plus တို့ကို ၂၀၁၇ မတ်လထဲမှာ RED edition အဖြစ် ကြေညာခဲ့သလို iPhone 8/8 Plus တို့ကိုလည်း ၂၀၁၈ ဧပြီလထဲမှာ RED edition အဖြစ် ထုတ်ခဲ့ဖူးပါတယ်။

         အနီရောင်ကာလာပြောင်းသွားတာကလွဲရင် iPhone XS နဲ့XS Max တို့မှာ သုံးမယ့် ပစ္စည်းကတော့ လက်ရှိမော်ဒယ်တွေအတိုင်းပဲ ဖြစ်မှာပါ။ ၅.၈ လက်မနဲ့၆.၅ လက်မ OLED display သုံးထားတဲ့ ဒီဖုန်းမော်ဒယ်တွေဟာ ကျောဘက် ထောင်လိုက် dual cameras ၊ Apple ရဲ့ နောက်ဆုံးပေါ် A12 Bionic chip နဲ့လာပြီး IP68 rating ရေစိုခံဖုန်းတွေ ဖြစ်ပါတယ်။

         တရုတ်ဈေးကွက်မှာ စတင်မိတ်ဆက်သွားမယ့် iPhone XS/XS Max (RED) မော်ဒယ်အတွက် ဈေးနှုန်းနဲ့ထွက်မယ့်ရက်တော့ အတိအကျ မသိရသေးပါဘူး။ Apple ဟာ Global Fundအတွက် RED မော်ဒယ် iPhone နဲ့accessories တွေကို ထုတ်လုပ်ရောင်းချခဲ့တာ အခုဆို ၁၃ နှစ်နီးပါး ရှိလာပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က