အယ်လ်ဇိုင်းမားကဲ့သို့ ရောဂါဆိုင်ရာ သုတေသနမှာ နည်းလမ်းသစ်ဖြစ်လာနိုင်ပါတယ်။

အမေရိကန် သိပ္ပံပညာရှင်တွေက ဝက်တွေရဲ့ ဦးနှောက်များကို အဆိုပါဝက်တွေ အသတ်ခံရပြီးနောက် လေးနာရီအကြာမှာ ပြန်လည်သက်ဝင်စေနိုင်ခဲ့တယ်လို့ သိရပါတယ်။

(Photo: Getty Images)

ယခုကဲ့သို့ လုပ်ဆောင်နိုင်ခဲ့ကြောင်း ရှာဖွေတွေ့ရှိချက်ကို သိပ္ပံပညာရှင်တွေက ဧပြီ ၁၇ ရက်မှာ ထုတ်ဖော်ပြောခဲ့ကြတာ ဖြစ်ပါတယ်။ ယခုတွေ့ရှိမှုက ရှင်ခြင်းနဲ့သေခြင်းကြား အပိုင်းအခြားအပေါ် အခြေအတင် ဆွေးနွေးမှုကို ပိုမိုမြင့်တက်စေနိုင်ပြီး အယ်လ်ဇိုင်းမားကဲ့သို့ ရောဂါတွေနဲ့ပတ်သက်တဲ့ သုတေသနလုပ်ဆောင်မှုမှာ နည်းလမ်းသစ်တစ်ခုလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

Nature ဂျာနယ်မှာ ဖော်ပြထားမှုအရ သိပ္ပံပညာရှင်တွေက ဝက်တွေရဲ့ ဦးနှောက်အတွင်း သွေးလည်ပတ်မှုနဲ့ ဆဲလ်လုပ်ငန်းတွေကို ၎င်းတို့ အသတ်ခံရပြီးနောက် နာရီပိုင်းကြာပြီးချိန်မှာ ပြန်လည်သက်ဝင်စေနိုင်ကြောင်း စမ်းသပ်တွ့ရှိခဲ့ကြပါတယ်။ သို့သော် ဦးနှောက်ထံမှ အသိရှိနေကြောင်း သို့မဟုတ် သတိရှိနေကြောင်း အချက်ပြမှုတွေတော့ မရှိခဲ့ဘူးလို့ဆို BBC သတင်းမှာ ဖော်ပြထားပါတယ်။

ယခု စမ်းသပ်မှုကို အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ BRAIN Initiative - NIH က သားသတ်ရုံတစ်ခုမှ ဝက်ဦးနှောက် ၃၂ ခုကို စုဆောင်းရယူပြီး လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဝက်တွေရဲ့ ဦးနှောက်များကို ၎င်းတို့ အသတ်ခံရပြီးနောက် လေးနာရီအကြာမှာ Yale တက္ကသိုလ်က ပြုလုပ်ထားတဲ့ စနစ်တစ်ခုနဲ့ ချိတ်ဆက်ခဲ့ကြပြီး ဦးနှောက်အတွင်း သွေးလည်ပတ်မှုနဲ့ ဆဲလ်လုပ်ငန်းများ ပြန်လည်သက်ဝင်လာစေရန် လုပ်ဆောင်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

Yale တက္ကသိုလ်က ပြုလုပ်ထားတဲ့စနစ်က ဝက်ဦးနှောက်အတွင်း အရည်တစ်မျိုးကို သွေးတုအဖြစ် သွင်းပေးြ့ပီးနောက် ဦးနှောက်ကို နောက်ထပ် ခြောက်နာရီကြာ ရေဓာတ်ပြန်ဖြည့်တင်းပေးခဲ့ပါတယ်။ ထိုသို့ စမ်းသပ်လုပ်ဆောင်ခဲ့ရာ သွေးတုသွင်းပေးခဲ့တဲ့ ဝက်ဦးနှောက်တွေမှာ အခြေခံ ဆဲလ်လုပ်ငန်းများ ပြန်လည် လုပ်ဆောင်လာစေနိုင်ခဲ့ကြောင်း သိရပါတယ်။

(Photo: National Geographic)

ဝက်ဦးနှောက်ကို ယခုကဲ့သို့ ပြန်လည်သက်ဝင်စေရန် လုပ်ဆောင်နိုင်ခဲ့မှုအရ လူသားတွေမှာလည်း လုပ်ဆောင်နိုင်ခြေရှိ မရှိကို မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။ University of Oxoford မှာ ဆေးပညာဆိုင်ရာကျင့်ဝတ်ဌာနရဲ့ ပါမောက္ခ Dominic Wilkinson က ယခုတွေ့ရှိမှုဟာ အနာဂတ်ကာလ ဦးနှောက်သုတေသနအတွက် အရေးပါတယ်လို့ ဆိုပါတယ်။ "လူတွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းထဲကက ဆဲလ်တွေက အဲဒီလူ သေဆုံးပြီးနောက် အချိန်အနည်းငယ်ကြာ ရှင်သန်နေနိုင်ပါတယ်" လို့ ၎င်းကပြောပါတယ်။

Share

Loading Next Article...
က္က