အင်စတာဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုလေးတွေက အလန်းနော်။

ရွှေထူးနဲ့ ရွှေမှုရတီတို့ရဲ့ အင်စတာဂရမ်က ဗီဒီယိုဖိုင်လေးတွေကတော့ ကြည့်ရှုသူ ပရိသတ်တွေအတွက် အသဲယားစေမှာပါ။ အဲ့ဒီဗီဒီယိုဖိုင် လေးတွေက သူမတို့ရဲ့ သာယာလှပနေတဲ့ အချစ်ရေးအခြေနေကို ပရိသတ်တွေကို အတိအလင်း အသိပေးထားတဲ့ ပုံစံမျိုးလည်း ဖြစ်ပါတယ်။



Photo : ရွှေမှုံ FB

တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ အချစ်ရေးက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်း ကို ခံနေရတာလည်း ဖြစ်ပါတယ်။ ယခင်ကတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာနဲ့ အင်စတာဂရမ်တို့မှာ တင်တာမျိုး မရှိပေမယ့်လည်း အခုနောက်ပိုင်းတော့ တဖြေးဖြေးနဲ့ Public ကို ချပြလာတာတွေ့ရပါတယ်။

ဒီနေ့(စက်တင်ဘာ၁ရက်)မှာ ရွှေမှုံရတီရဲ့ အင်စတာဂရမ်မှာ ရွှေထူးနဲ့အတူ အပြင်သွားမုန့်စားနေတဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားတာ တွေ့ရပါတယ်။ ပထမဆုံး တင်ထားတဲ့ ဗီဒီယိုဖိုင်လေးမှာ ရွှေမှုံရတီက ရွှေထူးကို မုန့်တွေအသားကုန် ခွံကျွေးနေတဲ့ ဖိုင်လေးပါ။ ချစ်သူကျွေး တဲ့မုန့်ကို ပလုန်းပလောင်း စားနေတဲ့ ရွှေထူးကို ကြည့်ပြီး ရွှေမှုံရတီက သဘောကျနေတဲ့ ဗီဒီယိုဖိုင်လေးပါ။

Photo : ရွှေမှုံ IG

 

နောက်ထပ် ဗီဒီယိုဖိုင်လေးကတော့ ရွှေထူးနဲ့အတူ လျှောက်လည်နေချိန်မှာ ရွှေမှုံရတီကို ရွှေထူးနမ်းလိုက်တဲ့ ဗိဒိယိုဖိုင်လေးဖြစ်ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်နှစ် ခုကတော့ ပရိသတ်တွေကြားထဲမှာ တော်တော့်ကို ရေပန်းစားအပြောများနေတဲ့ ဖိုင်လေးတွလည်း ဖြစ်ပါတယ်။ ကြည့်ရှုသူ သောင်းကျော်နေပြီး သူမတို့ရဲ့ သာယာလှပနေတဲ့ အချစ်ရေးအခြေနေကို ပရိသတ်တွေကို အတိအလင်း အသိပေးထားတဲ့ ပုံစံမျိုးလည်း ဖြစ်ပါတယ်။

သူတို့နှစ် ယောက်ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေရဲ့ ကြားထဲမှာ ဝေဖန်မှုကော အားပေးမှုရော အပြင်းထန်ဆုံးလို့ ပြောရမှာပါ။ သူတို့ နှစ်ယောက်ကို အားပေးတဲ့ ပရိသတ်တွေလည်း အခိုင်အမာရှိသလို ဝေဖန်ကြတဲ့ သူတွေကလည်း ထုနဲ့ထေးပါ။ ဒါပေမယ့် သူတို့ နှစ်ယောက် ကတော့ အဲ့ဒီဝေဖန်မှုကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ပြီး ဘာကိုမှ ဂရုမစိုက်ပဲ တစ်ယောက်နဲ့ တစ်ယောက် လက်တွဲပြိး ရှေ့ဆက်လျှောက် နေသူ တွေလည်း ဖြစ်ပါတယ်။

Photo : ရွှေမှုံ IG

အရင်ကောင်မလေးနဲ့ပြတ်တာ ရွှေမှုံနဲ့မဆိုင်ဘူးလို့ ပြောလာတဲ့ ရွှေထူး 

သူတို့နှစ်ယောက်ဟာ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ထားတဲ့ "ဧည့်သည်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း အတူတွဲပြီး သရုပ်ဆောင်ခဲ့တာ ဖြစ်သလို အဲ့ဒီဇာတ်ကားရိုက်ကူးရင်းနဲ့ သူတို့နှစ်ယောက် ကြိုက်သွားခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေး တစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

Photo : ရွှေမှုံ FB

 

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်က တည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က