AI ကို ယှဉ်နိုင်ဖို့မလွယ်တော့ပါဘူး

Facebook ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး လူမှုကွန်ရက်တစ်ခု ဖြစ်ရုံတင်မဟုတ်ဘဲ ကမ္ဘာ့အတော်ဆုံး ပိုကာကစားသမားလည်း ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီလို့ဆိုရမှာပါ။

         ကာနက်ဂျီ မယ်လွန်တက္ကသိုလ်နဲ့ပေါင်းပြီး Facebook ကနေ တီထွင်ထားတဲ့ AI ပရိုဂရမ်အသစ် Pluribus ဟာ ပလေယာ ၆ ဦးပါ Texas Hold’em Tournament ပွဲမှာ ပရော်ဖက်ရှင်နယ် ပိုကာကစားသမား ၅ ဦးကို အနိုင်ယူခဲ့တယ်လို့The Time သတင်းမှာ ဖော်ပြထားပါတယ်။ Pluribus ဟာ ၁၂ ရက်ကျော်ကြာ အလက်ပေါင်း ၁ သောင်း အစမ်းကစားရာမှာ ပုံစံနှစ်မျိုးနဲ့ပရိုပလေယာ ၁၂ ဦးကို ရင်ဆိုင်ခဲ့ပါတယ်။ တစ်ပိုင်းမှာ လူသား ပိုကာပလေယာ ၅ ဦးနဲ့ကစားရပြီး နောက်တစ်ပိုင်းမှာတော့ ဗားရှင်း ၅ မျိုးရှိတဲ့ AI ဟာ ပလေယာတစ်ဦးနဲ့ကစားခဲ့တာပါ။



တစ်ချီကို အလက်ပေါင်း ၅၀၀၀ ကစားချိန်မှာ AI မူပွား ၅ ခုဟာ ထိပ်တန်း ပလေယာနှစ်ဦး ဖြစ်တဲ့ ခရစ္စဂျီးဆပ်ဖာဂူဆန် နဲ့ဒါရန်အီလစ်တို့ကို အနိုင်ယူသွားပါတယ်။ ခရစ္စဟာ လာ့စ်ဗီးဂတ်စ်မှာ နှစ်တိုင်း ကျင်းပနေကျ World Series ပိုကာပွဲတွေမှာ ၆ ကြိမ်တိုင် Winner ဖြစ်ပြီး အီလစ်ကတော့ လက်ရှိ World Poker Tour မှာ ဆုအများဆုံးရထားတဲ့ ပလေယာ ဖြစ်ပါတယ်။ ဒုတိယကျော့မှာလည်း တစ်ချိန်တည်းမှာ ပရိုပလေယာ ၅ ဦးကို Pluribus ဟာ အနိုင်ယူသွားတယ်လို့ဆိုပါတယ်။

         “Pluribus ဟာ ရင်ဆိုင်ဖို့အတော်လေး ခက်ခဲတဲ့ပြိုင်ဘက်ပါ။ ဘယ်လိုအလက်မျိုးမဆို သူ့ကို ဖိအားပေးဖို့တကယ်ခက်ခဲပါတယ်” လို့World Series မှာ ၆ ကြိမ်တိုင် ပိုကာချန်ပီယံဖြစ်ခဲ့သူ ခရစ္စဖာဂူဆန်က ပြောပါတယ်။ “ ငွေရှာမယ်ဆိုရင် ဒီ bot အနေနဲ့ပွဲတွေမှာ ၁ နာရီ ဒေါ်လာ ၁ ထောင်နိုင်ပါလိမ့်မယ်” လို့Pluribus ကို ဒီဇိုင်းထုတ်သူတစ်ဦး ဖြစ်တဲ့ Facebook AI သုတေသနသိပ္ပံပညာရှင် နိုရမ်ဘရောင်းက ဆိုပါတယ်။

Photo: arstechnica

         Pluribus ဟာ ပျမ်းမျှ တစ်လက်ကို ၅ ဒေါ်လာ နှုန်းနဲ့ဒေါ်လာ ၁ ထောင်ဝန်းကျင် နိုင်ခဲ့တယ်လို့The Verge မှာ ရေးသားထားပါတယ်။ အွန်လိုင်းပိုကာပွဲပေါင်း ၂ သောင်းကျော် ကစားရာမှာလည်း ဒီ AI ဟာ ကမ္ဘာ့ထိပ်တန်းအဆင့်ရှိ ပလေယာပေါင်း ၁၅ ဦးကို နိုင်ခဲ့ပါတယ်။ Pluribus နဲ့ရင်ဆိုင်ခဲ့တဲ့ ပလေယာတွေဟာ ပိုကာကစားရင်း ဒေါ်လာ ၁ သန်းနဲ့အထက် အနိုင်ရပြီးသူ ပရော်ဖက်ရှင်နယ်ကစားသမားတွေ ဖြစ်ပါတယ်။

         Pluribus ကို စမ်းသပ်ချိန်မှာ သူနဲ့ပြိုင်ဘက်တွေအကြောင်း ပေးမသိထားစေဘဲနဲ့ပြိုင်ခိုင်းတာပါ။ ၂၀၁၇ ခုနှစ်ကလည်း ကာနက်ဂျီမယ်လွန်နဲ့Facebook တို့ပူးပေါင်းတီထွင်ခဲ့တဲ့ Libratus ဆိုတဲ့ AI ပိုကာကစားသမားဟာ Texus Hold’Em မှာ ပရော်ဖက်ရှင်နယ် ပလေယာနှစ်ဦးကို အနိုင်ယူခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က