ဗြိတိန်ဘောလုံးလောကရဲ့ အခြေအနေကို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

အင်္ဂလန်လက်ရွေးစင်ကစားသမားအနေနဲ့ ဗြိတိန်ဘောလုံးလောကအတွင်းရှိ လူမည်းကစားသမားတွေရဲ့အခြေ အနေကို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

မန်စီးတီးတောင်ပံကစားသမားဖြစ်သူ စတာလင်းက လူမည်းကစားသမားတွေအနေနဲ့ အောင်မြင်မှုတွေရရှိနေခဲ့ ပေမယ့် အခွင့်အရေးအချို့ဆုံးရှုံးနေဆဲဖြစ်ကြောင်း၊ ကစားသမားကောင်းတစ်ဦးဖြစ်ဖို့ ကြိုးစားနိုင်ပေမယ့် ထိပ် တန်းနည်းပြတစ်ဦးဖြစ်လာဖို့အတွက်ကတော့ အခွင့်အရေးမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့မှုကို thesun ကဖော် ပြလာပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းတွင် အထိုက်အလျောက်အောင်မြင်မှုရရှိခဲ့သူများအနေနဲ့ ကစားသမားဘဝကနေ အနားယူခဲ့ပြီးနောက် ထိပ်တန်းနည်းပြတစ်ဦးဖြစ်လာဖို့အတွက် အသင်းကြီးအချို့ရဲ့ကမ်းလှမ်းခံရမှုမရှိခြင်းနဲ့အ တူ အခွင့်အရေးမရရှိခြင်းကို စတာလင်းက အဓိကထောက်ပြခဲ့ခြင်းလည်းဖြစ်ပါတယ်။



“ အသင်းပေါင်းများစွာမှာ နည်းပြအဖွဲ့ဝင်ပေါင်းများစွာရှိကြတဲ့အထဲမှာ အချို့ကို ရွေးချယ်ပေးစေနိုင်ပါတယ်။ စ တီဗင်၊ လမ်းပတ်တို့ အခွင့်အရေးရနေသလို တစ်ဖက်မှာ ဆိုးလ်ကမ်းဘဲ၊ အက်ရှ်လေကိုးလ်တို့ရှိနေပါတယ်။ က စားသမားဘဝက အမြင့်ဆုံးအောင်မြင်မှုတွေရခဲ့ပေမယ့် နည်းပြဘဝကိုကူးပြောင်းရာမှာတော့ အခွင့်အရေးဆို တာရှိမလာခဲ့ပါဘူး ” လို့ စတာလင်းက ဆိုခဲ့တာပါ။

စတာလင်းအနေနဲ့ ဗြိတိန်ဘောလုံးလောကအတွင်း အခက်အခဲများစွာရင်ဆိုင်နေရတဲ့ လူမည်းကစားသမားတွေ ရဲ့အခြေအနေကို အဓိကထောက်ပြခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ဟောင်းဖြစ်တဲ့ ဆိုးလ်ကမ်းဘဲလ်၊ အက်ရှ် လေကိုးလ်တို့ရဲ့ဝေဖန်မှုများအတိုင်း ထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

ဗြိတိန်မီဒီယာအများစုရဲ့ စစ်တမ်းအရ လူမည်းကစားသမားအများစုအနေနဲ့ ထိပ်တန်းအသင်းအချို့တွင် ခန့်အပ် တာဝန်ပေးအပ်ခြင်းမခံခဲ့ရသလို အများစုက လက်ထောက်နည်းပြ၊ နည်းပြအဖွဲ့ဝင်အဖြစ်သာပါဝင်ခွင့်ရရှိကြတ ယ်လို့ အခိုင်အမာဖော်ပြထားမှုများက စတာလင်းရဲ့ ဖွင့်ဟပြောဆိုခြင်းကို ပိုပြီးအရေးပါစေခဲ့တာလည်းဖြစ်ပါတ ယ်။

Share

Loading Next Article...
က္က