ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံဂိုး ၂၀ သွင်းပေးထားသူပါ။

ဂါဘွန်လက်ရွေးစင်ကစားသမားဟာ နောက်လာမယ့်ရာသီအကုန်မှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းမှာ အနာဂတ်မတည်မငြိမ်ဖြစ်နေသူလည်းဖြစ်ပါတယ်။ 


အာဆင်နယ်အသင်းတိုက်စစ်မှူးအော်ဘာမီယန်က ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအနေနဲ့ သူ့အတွက် ဆုဖလားတွေမလိုအပ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဂါဘွန်လက်ရွေးစင်ကစားသမားဟာ နောက်လာမယ့်ရာသီအကုန်မှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းမှာ အနာဂတ်မတည်မငြိမ်ဖြစ်နေသူလည်းဖြစ်ပါတယ်။ 

အာဆင်နယ်ကတော့ အော်ဘာမီယန်ကို စာချုပ်သစ်ချုပ်ဆိုဖို့ဆန္ဒရှိနေပြီး မကြာခင်မှာ စာချုပ်သစ်အတွက်ဆွေးနွေးမှုတွေ စတင်ဖို့ပြင်ဆင်ထားကြောင်းသိရပါတယ်။ အော်ဘာမီယန်အနေနဲ့ အာဆင်နယ်နဲ့အတူ အောင်မြင်မှုရရှိဖို့ မလွယ်ကူတာကြောင့် အသင်းပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့် ကစားသမားကတော့ သူ့အတွက် အောင်မြင်မှုတွေမလိုအပ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Sky Sports နဲ့ တွေ့ဆုံခဲ့မှုမှာ အော်ဘာမီယန်က "ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအတွက် ဆုဖလားတွေလိုအပ်တယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး၊ ဆုဖလားတွေက အကူအညီဖြစ်တာမှန်ပေမယ့်လည်း နာမည်ကျော်ကစားသမားတွေ ဆုဖလားအောင်မြင်မှုမရတာကို ကျွန်တော်တို့တွေ့ခဲ့ကြမှာပါ၊ ဒါပေမယ့် သူတို့ရဲ့ အရည်အသွေးကြောင့် ကျွန်တော်တို့ သူတို့ကို လေးစားမှုရှိခဲ့ကြပါတယ်"

" ဒါကြောင့် ဆုဖလားတွေရရှိဖို့ မလိုအပ်ပါဘူး၊ ဒါပေမယ့် တကယ်လို့ ရယူနိုင်ရင်တော့ ပိုပြီးကောင်းပါတယ်" လို့ အော်ဘာမီယန်က ပြောခဲ့ပါတယ်။ အာဆင်နယ်ကတော့ လက်ရှိမှာ အမှတ်ပေးဇယားအဆင့်၁ဝနေရာကို ရောက်ရှိနေပြီး အဆင့် ၄နေရာက ချယ်လ်ဆီးနဲ့ ၈ မှတ်ကွာဟနေပါတယ်။ ဒါပေမယ့် အော်ဘာမီယန်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ်လို့ ယုံကြည်နေဆဲဖြစ်ပါတယ်။ 

"ဖြစ်နိုင်ပါသေးတယ်၊ အရာအားလုံးက ဖြစ်နိုင်သေးတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ပြီးခဲ့တဲ့ရာသီကဆိုရင် ကျွန်တော်တို့ ၁ဝမှတ်အထိ ပြတ်တောက်ပြီးမှ အနီးစပ်ဆုံးအနေအထားအထိရောက်ခဲ့တာပါ၊ ကျွန်တော်တို့ အကောင်းဆုံးလုပ်နိုင်ဖို့ကိုပဲ အာရုံစိုက်သွားမှာပါ၊ ဒါပေမယ့် ကျွန်တော်တို့မှာ ဖိအားတွေရှိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ပရီးမီးယားလိဂ်တစ်ခုတည်းကပဲ အခွင့်အရေးရှိပါတော့တယ်" လို့ အော်ဘာမီယန်က ပြောဆိုသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က