ငွေသားအပြင် လူကာကူကိုပါ အလိုက်ပေးသွားမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ စီးရီးအေထိပ်တန်းတိုက်စစ်မှူး အီကာဒီကို ခေါ်ယူနိုင်ဖို့ အင်တာမီလန်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ အီကာဒီဟာ အင်တာမီလန်အသင်းမှာ မပျော်မရွှင်ဖြစ်နေသူဖြစ်ပြီး ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။

အီကာဒီဟာ ယခုအပတ်အစောပိုင်းမှာ အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီးနောက် ယခုရာသီကုန်မှာ အင်တာမီလန်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေသူဖြစ်ပါတယ်။ အင်တာမီလန်ဟာ အီကာဒီရဲ့အပြုအမူနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပြီး ယခုနွေရာသီမှာ အသက် ၂၅ နှစ်အရွယ် ကြယ်ပွင့်တိုက်စစ်မှူး အီကာဒီကို ရောင်းထုတ်တော့မယ်လို့ သိရပါတယ်။

အီကာဒီနဲ့ အင်တာမီလန်အသင်းတို့ ချုပ်ဆိုထားတဲ့ လက်ရှိစာချုပ်မှာပါရှိတဲ့ စာချုပ်လျော်ကြေးကြောင့် ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ Sunday Express ရဲ့ဖော်ပြချက်အရ မန်ယူအသင်းဟာ ယခုလာမယ့်နွေရာသီမှာ အီကာဒီကို ခေါ်ယူနိုင်ဖို့ အင်တာမီလန်အသင်းနဲ့ ဆွေးနွေးနေပြီလို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လူကာကူကိုပါ အီကာဒီအတွက် ကမ်းလှမ်းမှုမှာ အလိုက်ပေးသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပြီး လူကာကူကလည်း အခြေအနေကို သတိထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က