၂၀၀၃-၀၄ ဘောလုံးရာသီကတည်းက ဒီနေ့ထိ တန်းပြန်တက်လာနိုင်ခြင်းမရှိတော့တာပါ။

လိဒ်အနေနဲ့ ဒီရာသီ ချန်ပီယံရှစ်မှာ ၁၅ ပွဲကစား ၈ ပွဲနိုင် ၄ပွဲသရေ ၃ ပွဲရှုံးပြီး ဝက်စ်ဘရွန်းထက် တစ်ပွဲ ပိုကစားကာ အဆင့် ၁ မှာ ယာယီ ရယူထားပါတယ်။

၂၀၀၃-၀၄ ဘောလုံးရာသီမှာ အဆင့် ၁၉ နဲ့ တန်းဆင်းပြီးနောက် ပရီးမီးယားလိဂ်ကို တန်းပြန်တက်မလာနိုင်တော့ တာ ၁၆ နှစ် ရှိပြီဖြစ်တဲ့လိဒ်ယူနိုက်တက်အသင်းကတော့ လက်ရှိမှာ ချန်ပီယံရှစ်ရဲ့ အမှတ်ပေးဇယားကို ဦီးဆောင် နေပြန်ပါပြီ။



ဒီနှစ်မှာတော့ လိဒ်ယူနိုက်တက်အသင်းအနေနဲ့ ၁၅ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၈ မှတ်ရရှိထားပြီး အဆင့် ၁ နဲ့ ဦီးဆောင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီနေ့မှာ ဝက်စ်ဘရွန်းအသင်းကစားဖို့ကျန်နေသေးပြီး အနိုင်ရခဲ့မယ်ဆိုရင်တော့ အဆင့် ၂ နေရာကို ပြန်ဖယ်ပေးရပါမယ်။

လိဒ်ယူနိုက်တက်အသင်းအနေနဲ့ မနှစ်က အဆင့် ၃ သာရခဲ့လို့ ပရီးမီးယားလိဂ်ကို တိုက်ရိုက်တန်းတက်ခွင့် လွဲချော်ခဲ့ပြီး မလေးအော့ဖ်အဆင့် ကစားခဲ့ရာမှာတော့ လက်ရှိ ချဲလ်ဆီးရဲ့ ဒါဘီအသင်းကို နှစ်ကျော့ပေါင်း ၄-၃ နဲ့ အရေးနိမ့်ခဲ့ပါတယ်။



ဒီနှစ်မှာလည်း လိဒ်ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာဖို့ ဆက်လက်ကြိုးပမ်းနေတာ သိသာနေစေပြီး ၁၆ နှစ်အလွန် တန်းပြန်တက်လာနိုင်မလားဆိုတာကလည်း ရာသီကုန်အထိ စိတ်ဝင်စားဖွယ် စောာင့်ကြည့်သွားရဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

က္က