16GB RAM ၊ 1TB Storage ၊ 200W Fast Charge နည်းပညာတို့နဲ့ မိတ်ဆက်ထားပါတယ်

1TB Storage နဲ့ 200W Fast Charging နည်းပညာ ထောက်ပံ့ထားတဲ့ iQOO 11S ကို TWS 1 Wireless Earbuds နဲ့ ကြေညာခဲ့ပါပြီ။

Flagship ကိုမှ အမြင့်ဆုံးတွေချည်း လှိမ့်သုံးထားတဲ့ 11S ကို ကြမ်းခင်းစျေး $520 ဝန်းကျင်နဲ့ စထားပြီး 12GB RAM နဲ့ 256GB Storage ပါတယ်လို့ သိရပါတယ်။ 6.78” LTPO4 Display နဲ့ ကြွားလုံးထုတ်ထားတဲ့ မျက်နှာပြင်မှာ WQHD+ 1440x3200p Resolution ပါဝင်ပြီး 144Hz Refresh Rate နဲ့မို့ ဂိမ်းမင်း အသားပေး Display လို့လည်း ပြောနိုင်ပါတယ်။

vivo အဆိုရ Game Performance ပိုင်းနဲ့ Refresh Rate ကိုင်တွယ်ဖို့ V2 Display Chip ထည့်သွင်းထားပြီး လုပ်ဆောင်ချက် အသေးစိတ်ကိုမူ မသိရသေးပါဘူး။

Display ထဲ မြုပ်ဝင်နေတဲ့ Punch-hole ထဲမှာ 16MP Camera ထည့်သွင်းပေးထားပြီး Primary အတွက်ကိုမူ 50MP IMX866 Sensor သုံးထားတယ် ၊ သူ့ Specs က 1/1.49” 1µm ရှိတယ်။ ဒါကို 2x Zoom ဆွဲနိုင်တဲ့ 13MP 50mm Tele တစ်လုံးနဲ့ 8MP Ultra-wide Lens တစ်လုံးနဲ့ တွဲ့ပေးထားတယ်။

SoC ပိုင်းမှာ Snapdragon 8 Gen2 နဲ့ ပွဲထုတ်ထားပြီး LPDDR5x အမျိုးစာ RAM ကို 16GB ၊ UFS 4.0 Storage ကို 1TB ထိ တိုးခွင့်ပေးထားပြီး System Cooling အပိုင်းတွက် 4,013mm2 ဧရိယာရှိ VC Cooling နဲ့ iQOO 11S ကို ထိန်းကျောင်းထားပါတယ်။

11S ကို Highlight လုပ်ပေးရမယ့် နောက်တစ်ချက်က 200W Fast Charging ပါ ၊ 4,700 mAh ကို အချိန်တိုတွင်း အားပြန်ဖြည့်နိုင်မယ်လို့ ယူဆရပြီး Android 13 ကို OriginOS 3 နဲ့ မောင်းနှင်ထားပါတယ်။

သူနဲ့အတူ ကြေညာသွားခဲ့တာ Bluetooth 5.3 စနစ်ပါ iQOO TWS 1 ပါ ၊ aptX Lossless Codec ထောက်ပံ့ထားပြီး 12.2mm dynamic driver နဲ့ မောင်းထားတဲ့ Eardbuds က 5Hz – 40kHz အတွင်း Operate လုပ်နိုင်ပြီး Noise Cancelation အတွက် 49db အထိ လျှော့ချပေးနိုင်ပါတယ်။

တစ်ခါ အားသွင်းရုံနဲ့ 10.5 hrs သုံးနိုင်ပြီး Charging Case နဲ့တွဲလျက် သုံးရင် 42 hrs ထိရတယ် ၊ ဂိမ်းကစားတဲ့အခါ Latency ကို 54ms ထိ လျှော့ချပေးနိုင်ပြီး iQOO TWS 1 (Black & White) ကို ကန်ဒေါ်လာ 55 နဲ့ ရောင်းမယ်လို့ သိရပါတယ်။

iQOO 11S Pricing

RAM 12 GB | Storage 256 GB - $530

RAM 16 GB | Storage 256 GB - $570

RAM 16 GB | Storage 512 GB - $610

RAM 16 GB | Storage 1TB - $670

iQOO 11S Colours – Blue, Black & BMW Motorsport White

Source: GSMArena

Share

Loading Next Article...
က္က