နန်းဆုရတီစိုးက အောက်တိုဘာ(၃) ရက်နေ့မှာ ပရိသတ်တွေအတွက် သီချင်းပုဒ်တစ်ပုဒ်ကို အွန်လိုင်းကနေ ဖြန့်ပေးမှာ ဖြစ်ပါတယ်။
Photo : နန်းဆုရတီစိုး FB
နန်းဆုရတီစိုးက အောက်တိုဘာ(၃) ရက်နေ့မှာ ပရိသတ်တွေအတွက် သီချင်းပုဒ်တစ်ပုဒ်ကို အွန်လိုင်းကနေ ဖြန့်ပေးမှာ ဖြစ်ပါတယ်။ သီချင်းနာမည်ကို "မေမေဆူမှာစိုးလို့"ဆိုပြီး ပေးထားတာဖြစ်ပါတယ်။ အဲ့ဒီသီချင်းလေးကို သူမရဲ့ ချစ်သူ G Fatt က ရေးသားပေး ထားတာ ဖြစ်ပါတယ်။ အဲ့ဒီသီချင်းလေးကို MTV အနေနဲ့တစ်ခါတည်းထွက်ရှိမှာ ဖြစ်ပြီး ဒီနေ့(အောက်တိုဘာ၁ရက်)မှာတော့ သီချင်း နမူနာဗီဒီယို ဖိုင် လေးကို သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ပေးထားပါတယ်။
Photo : နန်းဆုရတီစိုး FB
မာနတွေသုံးစားမရအောင် ချစ်ပြလိုက်တဲ့ နန်းဆုရတီစိုး
နန်းဆုကတော့ အဲ့ဒီသီချင်းလေးကို ပရိသတ်တွေနားထောင်ပြီး ဘယ်လို Feeback လေးတွေ ပေးမလဲဆိုတာတွေးပြီး ရင်တွေ ခုန်နေပြီတဲ့။
"ဒါ နမူနာ videoလေးပါ ၃ ရက်နေ့ထွက်ပြီနော် နန်းဆုကတော့ ပရိတ်သတ်တွေဆီက feedback လေးတွေ ကြားရဖို့ ရင်တွေအရမ်း ခုန်နေပါပြီ နော်.." ဆိုပြီး နမူနာ ဗီဒီယိုလေးတင်ပြီး ပရိသတ်တွေကို ပြောပြထားပါတယ်။ "မေမေဆူမှာစိုးလို့"ဆိုတဲ့ သီချင်းကို ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးပေးထားတာဖြစ်ပြီး မေသန်းနု၊ ယွန်းယွန်းနဲ့ ,Echo Snတို့က ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။
Photo : နန်းဆုရတီစိုး FB
ရိုက်ကူးမှု ပုံစံဆန်းဆန်းလေးတွေနဲ့ တင်ဆက်ထားတဲ့ နန်းဆုရဲ့ သီချင်းသစ်လေးကိုု ပရိသတ်တွေလည်း စောင့်မျှော်နေကြပါတယ်။ နန်းဆုသီ ဆိုထားပြီး G Fatt ရေးပေးထားတဲ့ "ရူးအောင်ချစ်ရသူ" သီချင်းကလည်း ပရိသတ်တွေကြားထဲမှာ တော်တော့်ကို အောင်မြင်ခဲ့တဲ့ သီချင်းလေး ဖြစ်ပါတယ်။
နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ "ရူးအောင်ချစ်ရသူ" သီချင်းနဲ့ ဆက်စပ်ပြီး စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။
Photo : နန်းဆုရတီစိုး FB
နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။
နန်းဆုရတီစိုးရဲ့ အချစ်ရေးကို ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၅) ရက်က ထွက်ရှိထားတဲ့ ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး စိတ်ဝင်စား ခဲ့တာဖြစ်ပါတယ်။ နန်းဆုရတီစိုးက လက်ရှိမှာ သီချင်းများ ဖန်တီးနေပြီး သီချင်းခွေအသစ်ထွက်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ G Fatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးဖြစ်ပါတယ်။