Budget ဖုန်းတွေထဲ ရွေးချယ်စရာ ဖြစ်လာမယ့် P40+ နဲ့ A60s တွေကို ကန်ဒေါ်လာ 100 ဝန်းကျင်နဲ့ အိန္ဒိယမှာ ကြေညာလိုက်တယ်လို့ သိရပါတယ်။
itel အမျိုးစား တန်ဖိုးသင့် ဖုန်းတွေမှာ စိတ်ဝင်စားဖွယ် Feature တွေ ပါဝင်လာပြီး P40+ ကို Screen အရွယ်စား ခပ်ကြီးကြီး ကြိုက်သူတွေ ရွေးသင့်ပါတယ် ၊ 90Hz Refresh Rate ရတဲ့ 6.8” IPS LCD Display မှာ HD+ Resolution သုံးထားပြီး ဖုန်းကို Unisoc T606 (Octa-core) Chipset နဲ့ မောင်းနှင်ထားတယ်လို့ သိရပါတယ်။
ထပ်တိုးနိုင်တဲ့ microSD Slot ပါ P40+ မှာ 4GB RAM နဲ့ 128GB Storage ပါပြီး ကင်မရာပိုင်းတွက် 13MP Sensor ကို Primary အနေနဲ့ ထည့်ပေးထားပါတယ် ၊ Selfie တွက် 8MP Shooter ပါပြီး Android 12 နဲ့ ကြေညာလိုက်တဲ့ ဖုန်းမှာ 18W Charging Speed (Type-C) ထောက်ပံ့နိုင်တဲ့ 7,000 mAh Battery သုံးပေးထားပါတယ်။
အခုလို Capacity များများ ဝင်ဆံ့တဲ့ ဘက်ထရီ ၊ ပါဝါအစားနည်းတဲ့ Component တွေကြောင့် Standby ကို 18 ရက် အထားခံတယ်လို့ ကြော်ငြာထားတာ ဖုန်းအသုံးနည်းသူဖို့ အားမသွင်းဘဲ ပစ်ထားလို့ရမယ် ထင်ပါတယ်။
P40+ ကို Force Black နဲ့ Ice Cyan အရောင်နှစ်မျိုးနဲ့ ရွေးချယ်နိုင်ပြီး ဒေါ်လာ 100 တန်ကြေးနဲ့ ဇူလိုင် 11 မှာ ရောင်းမယ်လို့ သိရပါတယ်။
နောက်တစ်လုံးက P40+ ကိုပဲ ဝိတ်လျှော့ထားတဲ့ A60s ပါ ၊ 6.6” LCD Display သုံးထားတဲ့ ဖုန်းမှာ Unisoc SC9863A1 Octa-core Chipset နဲ့ပဲ မောင်းနှင်ထားပြီး RAM 4GB ကိုမှ 64 GB သို့ 128 GB Storage Option နှစ်မျိုးနဲ့ ရွေးချယ်နိုင်ပါတယ် (ဖုန်းက Sharing လုပ်မယ့် 4GB RAM နဲ့ဆိုရင် 8GB RAM ဖြစ်သွားလို့ A60s ကို ပထမဆုံး 8GB RAM ပါတဲ့ဖုန်းဆိုရင် သတိပြုပါ)
ကင်မရာပိုင်းမှာ အရှေ့ 8MP+QVGA Sensor နဲ့ Selfie 5MP Shooter သုံးထားပြီး 10W Charging ရ 5,000 mAh Battery နဲ့ ဖြစ်သွားပါတယ်။ Shadow Black ၊ Glacier Green နဲ့ Moonlit Violet အရောင် 3 မျိုးနဲ့လာမယ့် A60s ကို ကန်ဒေါ်လာ 77 နဲ့ ဇူလိုင်လ 13 ရက်မှာ ရောင်းမယ်လို့ ဆိုထားပြီး အဆိုပါ itel တွေဟာ ဖုန်းပြော ၊ ရုပ်ရှင်ကြည့်ဖို့နဲ့ Social Apps သုံးစွဲဖို့ အတွက် အသားပေးထုတ်ထားတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။
Source: GSMArena
Share