နှစ်သစ်ကူး အထူးတရားပွဲမှာ နာခဲ့ရတဲ့ သီတဂူဆရာတော်ကြီးရဲ့ တရားတော်ကို ပြန်လည်ဝေမျှပေးထားပါတယ်။
Photo : ဝတ်မှုံရွှေရည် FB
သရုပ်ဆောင် ဝတ်မှုံရွှေရည်က ပရိသတ်တွေအတွက် သီတဂူဆရာတော်ကြီးရဲ့ တရားတော်ကို ပြန်လည်ဝေမျှထားတာ တွေ့ရပါတယ်။ သီတဂူဆရာတော် ဟောခဲ့တဲ့အတိုင်းပဲ အားလုံးကို ချစ်တဲ့ မျက်လုံးနဲ့ပဲ ကြည့်ဖို့၊ မေတ္တာနဲ့ပဲ ခရီးဆက်ဖို့ကိုလည်း ပြောထားပါသေးတယ်။
“မနေ့ကနာခဲ့သောတရာ းအတိုချုပ်ရသော်အားလုံးကိုပီယ စက္ခုမျက်လုံး (ချစ်ခင်သောမျက်လုံး)နဲ့ကြည့်ပါတဲ့
မုတ်ဆိုးမျက်လုံးနဲ့မကြည့်ပါနဲ့လှပတဲ့ တိုင်းပြည်မှာ လှပတဲ့စိတ်ထားလေးတွေထားပါ
မေတ္တာနဲ့ပဲဖြေရှင်းပါအဲ့တော့ အားလုံးကို ချစ်တဲ့မျက်လုံးနဲ့ပဲကြည့်မယ်မေတ္တာနဲ့ပဲ ခရီးဆက်မယ်အားလုံးအဲ့လိုပဲနေကြမယ်နော်
ဆိုတော့ကာ Peace နော် အားလုံး✌?ချစ်တယ် အားလုံး Fans တွေကိုလည်းပိုချစ်မယ် “ ဆိုပြီး ဝတ်မှုံရွှေရည်က ဇန်နဝါရီ(၄) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေခ့ျ်မှာ ရေးထားတာပါ။
အနုပညာအလုပ်တွေ မအားတဲ့ကြားက ဝတ်မှုန်ရွှေရည်တစ်ယောက် သူငယ်ချင်းတွေနဲ့အတူတူ တရားပွဲကိုသွားရောက်ပြီး တရားနာခဲ့ပါသေးတယ်။ ဘာသာတရား ကိုင်းရှိုင်းသူတစ်ဦးဆိုလည်း မမှားပါဘူး။
Photo : ဝတ်မှုံရွှေရည် FB
ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဝတ်မှုံရွှေရည်ဟာ ၂၀၁၉ ခုနှစ်ထဲမှာ ဇာတ်ကားတွေ လျှော့ရိုက်သွားမယ်လို့ သိရပါတယ်။ ဇာတ်လမ်းအများမရိုက်တော့ဘဲပရိသတ်တွေအတွက်ကော သူမအတွက်ပါ ကြည့်ကောင်းမယ့် ဇာတ်မျိုးတွေကို သေချာပြင်ဆင်ပြီး ရိုက်ကူးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။
Photo : ဝတ်မှုံရွှေရည် FB
ဝတ်မှုံရွှေရည်က ၁၉၈၈ခုနှစ် သြဂုတ်လ (၁၀)ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာ လောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့သလို ကြော်ငြာများနဲ့ လည်း လူကြိုက်များ လာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။
ကြော်ငြာများနဲ့အတူ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဝတ်မှုံရွှေရည်ဟာ တီဗီကြော်ငြာ ၃၀၀၊ ဗီဒီယိုဇာတ်ကားများ ၂၀၀ကျော်နဲ့ ရုပ်ရှင်ဇာတ် ကား ၃၀ကျော်တို့မှာ ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့လာခဲ့ပါတယ်။
Photo : ဝတ်မှုံရွှေရည် FB
ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့ပြီး အဲ့ဒီအကယ် ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ် ၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်း တိုက်မှာ လှူဒါန်းခဲ့ပါတယ်။ ဆက် လက်ပြီး သူမဟာ ၂၀၁၄ခုနှစ်မှာတော့ "နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ် ကားကြီး နဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆိုကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
Share