ငြိ ဇာတ်လမ်းတိုလေးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။

မေတိုးခိုင်က ပရိသတ်အရှေ့ကို ရောက်ရှိလာတဲ့ ‘’ငြိ’’ ဇာတ်လမ်းတို လေးမှာ ပါဝင်ပံ့ပိုးပေးသူတွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒီအထဲမှာမှ တီအူဝဲ နဲ့ ဦးတီ ကိုလည်း ကျေးဇူးတင်စကားပြောထားပါသေးတယ်။

Photo: May Toe Khine

မေတိုးခိုင်ကတော့ အခုဆိုရင် ‘’ငြိ’’ ဆိုတဲ့ ဇာတ်လမ်းတိုလေးနဲ့ သူမရဲ့ သရုပ်ဆောင်အရည်အချင်းတွေကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတိုလေးအတွက် အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်နဲ့ ဦးလေးဖြစ်သူ ပြေတီဦးတို့ဆီက အကူအညီတွေလည်း ရခဲ့တယ်လို့ ဆိုပါတယ်။

“ငြိ”is out ကြိုးစားထားပါတယ်။ လိုအပ်ချက်လေးတွေ ရှိနေပါသေးတယ်။ ကြည့်ပြီး ဝေဖန် အားပေးကြပါဦး။ အမြဲလည်းကြိုးစားနေဦးမှာပါ။ အဖက်ဖက်က ကူညီပေးကြတဲ့သူများ အများကြီးပါ။ ရိုက်ကွင်းအစကနေ editအဆုံး ထိလုပ်ပေးပြီး ဒီကားလေးကို အကြိမ်ကြိမ်ကြည့်ပြီးလိုအပ်တာတွေ လုပ်ပေးဒီတူမလေးကို ကူညီပေးတဲ့အတွက်ကျေးဇူးပါ ဦးတီ၊ တီဝဲ ။ ရင်ဘတ်ချင်းနီးပြီး ကူညီပေးတဲ့ ဖူးတို့ဒါရိုက်တာကြီး မပွင့် ကျေးဇူးပါ အစ်မ။ အသစ်တစ်ယောက်ကို လက်တွဲခေါ်ပြီး စိတ်ရှည်ပေးတဲ့ ကိုဒေါင်းလည်းကျေးဇူးပါ’’ ဆိုပြီးတော့ ဇွန်လ ၁၃ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ 

“ြ

Photo: May Toe Khine

မေတိုးခိုင်ကိုတော့ တီဗီကြော်ငြာတွေမှာ သရုပ်ဆောင်တာကိုသာ အတွေ့များတတ်တာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတိုကတော့ သူမအတွက် ပထမဦးဆုံးဇာတ်လမ်းတိုလေးဖြစ်ပါတယ်။

‘’ဒီဇာတ်လမ်းလေး အစအဆုံး စိတ်တိုင်းကျမှ လွှတ်ပေးခဲ့တဲ့ မချော (ငွေတီဦး), ကိုဉာဏ် ကျေးဇူးအထူးပါ။ အသံပိုင်းဆိုင်ရာ အတွက် ဦးမောင်မောင်အေး၊ ကိုဆွေလင်းမောင်တို့ကိုလည်းအထူးကျေးဇူးပါ။ ဖူးကို စိတ်ကူးလေးယဉ်ပြီး ဇာတ်လမ်းလေးတွေတစ်ပုဒ်ပြီးတစ်ပုဒ်မရိုးအောင် ရေးပေးတဲ့ ချစ်ရတဲ့ ဘွားရိုး thank you mummy။ Dear Crush သီချင်းလေးကိုုသုံးခွင့် ပေးတဲ့အတွက် အစ်ကိုတို့ ကျေးဇူးပါရှင်’’လို့လည်း သူကဆိုပါတယ်။

Photo: May Toe Khine

အဲဒီနောက် မေတိုးခိုင်ဟာ ‘’ငြိ’’ ဇာတ်လမ်းတိုလေးမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ဖို့အတွက် မိတ်ကပ်၊ ဆံပင်၊ အလှဓာတ်ပုံတွေမှာအလှဆုံး ဖြစ်အောင် ပံ့ပိုးပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

‘’ရှုတင်မှအမြဲရှိပြီး လိုအပ်တဲ့ဓာတ်ပုံတွေလည်းရိုက်ပေးပြီးတော့ စိတ်ပိုင်းဆိုင်ရာ support ပေးတဲ့ Snow Miley i love u သဘာဝအကျဆုံးဖြစ်ချင်တဲ့ ဖူးအကြိမ်ကြိမ်ဂျီကျတာကို မငြီးမငြူလိမ်းပေးတဲ့ မိတ်ကပ် အန်တီ မေသန်း။   နောက်ဆုံးအနေနဲ့ ဖူးကိုယုံကြည်ပြီး အနောက်ကနေအများကြီး ပံ့ပိုးပေးတဲ့ မေကြီး။ အားလုံးကို ကျေးဇူးတင်ပါတယ် ပိုပြီးလည်းကြိုးစားသွားမယ်လို့ ကတိပေးပါတယ်’’ လို့ ဆက်လက်ရေးသားထားပါတယ်။

Photo: May Toe Khine

ငြိ ဇာတ်လမ်းတိုလေးထဲမှာတော့ မေတိုးခိုင်က အထီးကျန်ဆန်လွန်းတဲ့ကောင်မလေး တစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ မေတိုးခိုင်(May Toe Khine) ကို အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ တူမလေးအဖြစ် ပရိသတ်တွေ စတင်သတိထားမိခဲ့တာပါ။ သူမကတော့ အခုလက်ရှိမှာ တီဗီကြော်ငြာတွေနဲ့ မဂ္ဂဇင်းအလှဓာတ်ပုံတွေ ရိုက်ကူးနေရတယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အနုပညာ အလုပ်တွေ လုပ်တဲ့အခါအဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ရဲ့ ၁၀၀ ရာခိုင်နှုန်းပံ့ပိုးမှုတွေရှိတယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။ လက်ရှိ မှာ လည်း ပရိသတ်အခိုင်အမာရရှိပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။


Share

Loading Next Article...
က္က