၁၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မအူပင်မြို့နယ် မအူပင်- ဆားမလောက်ကားလမ်းပေါ်မှာ ကြယ်စင်လင်း ခရီးသည်တင်မှန်လုံယာဉ်နဲ့ ကျောင်းဆရာ၊ ဆရာမ ၁၁ ဦးလိုက်ပါလာတဲ့ Suzuki Carry ယာဉ်တို့ တိုက်မိခဲ့ရာ Suzuki Carry ယာဉ်ပေါ်မှ ယာဉ်မောင်းအပါအဝင် ၃ ဦးသေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Photo- Ministry of Home Affairs, Myanmar

ဖေဖော်ဝါရီလ ၁၄ ရက် ညနေ ၃ နာရီလောက်က ခရီးသည် အယောက် ၂၀ လိုက်ပါလာတဲ့ ကြယ်စင်လင်းခရီးသည်တင် မှန်လုံယာဉ်မှာ မျက်နှာချင်းဆိုင်ကနေ မြောင်းမြပညာရေးကောလိပ်ကနေ ဘွဲ့ယူပြီး မော်လမြိုင်ကျွန်းကိုပြန်လာတဲ့ ဆရာ၊ ဆရာမ ၁၁ ဦးလိုက်ပါလာတဲ့ Suzuki Carry ယာဉ်တို့ တိုက်မိခဲ့တာဖြစ်ပါတယ်။

Photo- Ministry of Home Affairs, Myanmar

ဲဒါကြောင့် Suzuki Carry ယာဉ်ပေါ်မှာ ယာဉ်မောင်းအပါအဝင် ဆရာတစ်ဦးနဲ့ ဆရာမတစ်ဦးတို့တို့ သေဆုံးခဲ့ပြီး ၉ ဦးကတော့ ဒဏ်ရာတွေရရှိခဲ့ရာ ၆ ဦးကတော့ အခြေအနေစိုးရိမ်ရတယ်လို့သိရပါတယ်။ ကြယ်စင်လင်းခရီးသည်တင်ယာဉ်ပေါ်က အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးလည်း ဒဏ်ရာတွေရရှိခဲ့ပြီး မအူပင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားရတယ်လို့သိရပါတယ်။

လက်ရှိေတာ့ ယာဉ်မောင်းနှစ်ဦးကို မအူပင်မြို့မရဲစခန်းယာဉ်(ပ)၃၈/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/ ၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/သာမန် နာကျင်စေမှု)နဲ့ အမှုဖွင့် စစ်ဆေးနေတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က