ဆိုင်ပေါင်း ၂၄၀ ကျော်မှာ သုံးနေတဲ့ Solar ပြားတွေပါ ပြန်ဖြုတ်ဖို့ရှိပါတယ်။

Tesla ကုမ္ပဏီထုတ် ဆိုလာပြားတွေကြောင့် ဒေါ်လာသိန်းနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့တဲ့ Walmart ဟာ တရားစွဲထားပါတယ်။


နယူးယော့ခ် ပြည်နယ်တရားရုံးမှာ Tesla ကို Walmart လုပ်ငန်းစုမှ တရားစွဲခဲ့တာ ဖြစ်တယ်လို့Bloomberg သတင်းက ဖော်ပြထားပါတယ်။ ဒီသတင်းမှာတော့ Tesla ဟာ စက်ရုံစံချိန်စံညွှန်းနဲ့အညီ ထုတ်ပေးဖို့ပျက်ကွက်ခဲ့ပြီး ဖောက်သည်အပေါ် နှစ်နဲ့ချီ ဂရုမစိုက်ဘဲ လျစ်လျူရှုထားတယ်လို့Walmart က စွဲချက်တင်ထားပါတယ်။

Photo: daytondailynews

Tesla ရဲ့ စံချိန်မမှီတဲ့ ဆိုလာပြားတွေကြောင့် ပြီးခဲ့တဲ့ ၇ နှစ်အတွင်း အနည်းဆုံး နေရာ ၇ ခုက Walmart စတိုးတွေမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ယာယီပိတ်ခဲ့ရတယ်လို့ဆိုပါတယ်။ Tesla ကုမ္ပဏီအနေနဲ့မှတ်ချက်ပြု ပြောကြားခြင်း မရှိသေးပေမယ့် Walmart ဘက်ကတော့ Tesla ဟာ လျှပ်စစ်နဲ့ဆိုလာစနစ်တွေကို စနစ်တကျ မတပ်ဆင်ခဲ့တာကြောင့်လို့ယူဆထားပါတယ်။

Walmart စတိုးတွေက ဆိုလာပြားတွေရဲ့ ထိန်းသိမ်းမှုလုပ်ဖို့Tesla ကနေ လွှတ်လိုက်တဲ့ ဝန်ထမ်းတွေဟာလည်း အခြေခံ Solar Training နဲ့ဗဟုသုတနည်းတယ်လို့Walmart ဘက်က ပြောပါတယ်။ Walmart အနေနဲ့ပျက်စီးမှုများအတွက် Tesla ကို လျော်ကြေးအပြင် Walmart စတိုးဆိုင် ၂၄၀ ကျော်ပေါ်က Tesla ရဲ့ ဆိုလာပြားတွေကိုပါ ဖယ်ရှားပေးစေလိုကြောင်း တရားရုံးမှာ လျှောက်ထားပါတယ်။

Walmart ရဲ့ တရားစွဲချက်ထဲမှာ အခုပြဿနာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က SolarCity ကို မဝယ်ခင်ကတည်းက ဖြစ်ပွားခဲ့တာ ဖြစ်ပြီး Tesla အနေနဲ့အခုလို မီးလောင်မှုတွေအားလုံးရဲ့ စနစ်ချို့ယွင်းချက်ကို သေသေချာချာ လေ့လာသုံးသပ်မှု လုပ်ဖို့ပျက်ကွက်ခဲ့တယ်လို့Walmart ဘက်က ပြောပါတယ်။


Photo: Tech Crunch


Tesla ဟာ ၂၀၁၆ ခုနှစ်ထဲမှာ SolarCity ကို ဒေါ်လာ ၂.၆ ဘီလျံနဲ့ဝယ်ယူခဲ့ပြီး Walmart ကတော့ SolarCity မှာ ၂၀၁၀ ကတည်းက ဖောက်သည်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အထိ Walmart စတိုးဆိုင် ၂၄၄ ဆိုင်မှာ solar panels ပြားတွေ တပ်ဆင်သုံးစွဲခဲ့ပါတယ်။ မီးလောင်မှုတွေနဲ့ကြုံပြီးနောက် Walmart ဟာ ဒီဖြစ်ရပ်တွေရဲ့ အကြောင်းရင်းမြစ်ကို သိရဖို့Tesla ကို ရက် ၃၀ အချိန်ပေးခဲ့ပေမယ့် Tesla ဘက်မှ တာဝန်ယူမှု အပြည့်အဝ မရှိခဲ့ဘူးလို့ဆိုပါတယ်။

Share

Loading Next Article...
က္က