Sponsored bylogo

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စီးပွားရေးအချက်အချာကျတဲ့ Sukhumvit လမ်းမကြီးပေါ်ရှိ Whizdom 101 အိမ်ရာစီမံကိန်းမှ ကွန်ဒိုတိုက်ခန်းများ အရောင်းပြပွဲကို SQFT Global Properties က ဦးစီးကာ ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မှာ ဇူလိုင်လ ၂၂ ရက်နဲ့ ၂၃ ရက်တို့တွင် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။


Whizdom 101 အိမ်ရာစီမံကိန်းဟာ ဘန်ကောက်မြို့ရဲ့ သွားလာရေလွယ်ကူပြီး စီးပွားရေး အချက်အခြာကျတဲ့ နေရာမှာတည်ရှိပြီး ဘိုးဘွားပိုင်မြေပေါ်မှာ ဆောက်လုပ်ထားတဲ့ ပထမဆုံး အဆင့်မြင့် အိမ်ရာစီမံကိန်း(Integrated Project) ဖြစ်ပါတယ်။

လက်ငင်း ငွေပေးသွင်းမှု (၃၀) ရာခိုင်နှုန်း ပေးသွင်းကျန်ကာ ကျန်ငွေကို နိုင်ငံခြားဘဏ်များနဲ့ ချိတ်ဆက်ပြီး ဘဏ်ချေးငွေဖြင့် ဝယ်ယူနိုင်ကြောင်း အဆိုပါပြပွဲစီစဉ်တဲ့ SQFT Global Properties မှ Head of Myanmar Office မနှင်းအိလွင်က ပြောပါတယ်။


“ဘန်ကောက် အိမ်ရာစီမံကိန်းကို ဘာဖြစ်လို့ မြန်မာနိုင်ငံကို ယူလာရလဲဆိုတော့ ဘန်ကောက်ဆိုတာ နိုင်ငံခြားပေမယ့် မြန်မာနိုင်ငံနဲ့က သွားလာရေးလည်း လွယ်ကူတယ်၊ ပြည်တွင်းမှာသွားသလိုပဲ လွယ်ကူတယ်၊ လေယာဉ်ဆိုလည်း တစ်နာရီပဲ စီးရတယ်၊ ရန်ကုန်နဲ့ဆို တစ်နေ့ကို လေယာဉ် (၁၈) စင်းနဲ့ အထက် အသွားအလာရှိတယ်၊ ဘန်ကောက်မှာ အိမ်ဝယ်ထားရင် ဆေးသွားကုမလား၊ Shopping ထွက်မလား အကုန်အဆင်ပြေတယ်၊ အိမ်ခြံမြေဈေးကလည်း တက်နေတာဆိုတော့ ကနဦးပေးသွင်းရမယ့် ရာခိုင်နှုန်းကို ပေးသွင်းထားရင် ရင်းနှီးမြုပ်နှံမှုအနေနဲ့လည်း ဝယ်လို့ရတယ်၊ မြန်မာနိုင်ငံသားတွေ အနေနဲ့ တခြားနိုင်ငံထက်စာရင် ဘန်ကောက်မှ အိမ်ပိုဝယ်သင့်ပါတယ်။ ဒါကြောင့် ဒီပြပွဲကို စီစဉ်ရခြင်းဖြစ်ပါတယ်” လို့ မနှင်းအိလွင်က ဆိုပါတယ်


Whizdom 101 အိမ်ရာစီမံကိန်းဟာ ၂၀၁၈ခုနှစ် ဒုတိယ(၃)လပတ်အတွင်း ပြီးစီးမှာဖြစ်ပြီး အထပ်(၄၁)ထပ်ရှိ အဆင့်မြင့် အိမ်ရာစီမံကိန်းတစ်ခု ဖြစ်ပါတယ်။ အိမ်ရာအရောင်းပြပွဲနှင့် ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ဇူလိုင်လ ၁၃ ရက် နံနက် ၁၀ နာရီမှ ၁၂နာရီအထိ ရန်ကုန်မြို့၊ နိုဗိုတယ် ဟိုတယ်၊ မန္တလေးခန်းမမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ရောင်းချမယ့် အိမ်ရာအကြောင်း၊ ဘဏ်ချေးငွေများအကြောင်း၊ ငွေပေးချေမှု စနစ်များအကြောင်းကို အသေးစိတ် ရှင်းလင်း ပြောကြားသွားမှာ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က