ကြည်နူးစရာစုံတွဲလေး။

သရုပ်ဆောင် သူထူးစံနဲ့ထိုက်ဆုဝင်းတို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ဖေဖော်ဝါရီလအတွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ မင်္ဂလာဦးဆွမ်းကပ်အလှူပြီးကတည်းက သူတို့နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲက ဘယ်တော့လည်း ဆိုပြီး ပရိသတ်တွေ စိတ်ဝင်စားနေခဲ့တာပါ။

Photo : ထိုက်ဆုဝင်း



၂၀၁၈ခုနှစ် ဒီဇင်ဘာ(၉) ရက်နေ့က နေပြည်တော်မှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်ခဲ့တဲ့ သူထူးစံတို့ စုံတွဲဟာ မကြာခင်ရက်ပိုင်းမှာ ချစ်တဲ့မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့အတူ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေက ၂၀၁၈ခုနှစ်မကုန်ခင်မှာ အစွံထုတ်သွားတဲ့ သူထူးစံရဲ့ မင်္ဂလာပွဲက ဘယ်တော့လဲဆိုပြီး စိတ်ဝင်စားနေကြတာပါ။ အခုတော့ မင်္ဂလာပွဲသတင်းကို ကြားရပါပြီ။ သူတို့နှစ်ဦးရဲ့ မင်္ဂလာဧည့်ခံပွဲကို ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ ဖေဖော်ဝါရီ(၂၂) ရက်နေ့မှာ ကျင်းပသွားမှာပါ။

သူထူးစံဟာ ချစ်သူကောင်မလေး ထိုက်ဆုဝင်းနဲ့အတူ မင်္ဂလာဦးဆွမ်းကပ်အလှူကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာ(၉) ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တာပါ။ မနက်ကပိုင်းမှာ ငွေတောင်တောရ စာသင်တိုက်မှာ နှစ်ဖက်မိဘများနဲ့အတူ မင်္ဂလာဦး ဆွမ်းကပ်ခဲ့သလို ညနေပိုင်းမှာလည်း မဟာဗောဓိကျောင်းတိုက်၊ ပရဟိတ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ မင်္ဂလာဦးအလှူပြုလုပ်ခဲ့ကြပါတယ်။

Photo : ထိုက်ဆုဝင်း

သူတို့နှစ်ဦးရဲ့ မင်္ဂလာဦး အလှူပုံရိပ်များကလည်း ပရိသတ်တွေကြားထဲမှာ အားကျအတုယူဖွယ်လည်း ဖြစ်ခဲ့ရပါတယ်။ သူထူးစံရဲ့ ဇနီးဟာလည်း အနုပညာလောကထဲကဖြစ်ပြီး ပရိသတ်တွေနဲ့ မစိမ်းတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အကယ်ဒမီ ဗန်းကိုင်တစ်ဦးဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : ထိုက်ဆုဝင်း

သူထူးစံ(Thu Htoo San) ကတော့ ၂၀၁၇ ခုနှစ်ကနေစပြီး ရုပ်ရှင်ဇာတ်ကားကြီး တွေ ဆက်တိုက် ရိုက်ကူးလာခဲ့ပါတယ်။ သူဟာ အနုပညာလောကနဲ့ ခဏကြာ ဝေးကွာနေချိန်မှာလည်း ဇာတ်ကားကောင်းကောင်း၊ ကာရိုက်တာကောင်းကောင်းတွေနဲ့ လာကမ်းလှမ်းမလားဆိုတာကို စောင့်မျှော်နေပေမဲ့ လာရောက် ကမ်းလှမ်းမှု မရှိခဲ့ဘူးလို့ဆိုပါတယ်။ သူထူးစံဟာ ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးတဲ့ ဗီဇရုပ်ရှင်ဇာတ်ကားကြီးကနေစပြီး အနုပညာလောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က