Entry တုံးထုခ ဘတ်တစ်ထောင် ပေးဆောင်စရာမလိုတော့ပါဘူး။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအပါအဝင် လာအို၊ ကမ္ဘောဒီးယား အလုပ့်သမားတွေအနေနဲ့ သင်္ကြန်ကာလ နေရပ်ပြန်ရာမှာ (အိမ်ပြန်တုံး) Re-Entry တုံးထုစရာမလိုဘဲ တရားဝင်နယ်စပ်ဂိတ်က အထွက်တံဆိပ်တုံးထု ထွက်ခွာခွင့်ပြုလိုက်တယ်လို့ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်ကိုကိုးကားပြီး ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်က ရေးသားထားပါတယ်။

Photo - Ministry of Home Affairs, Myanmar



ဧပြီလ ၅ ရက်ကနေ ဧပြီလ ၃၀ ရက်အထိ အိမ်ပြန် ခွင့်ပြုပေးထားပြီး Re-Entry ကင်းလွတ်ခွင့်ပြန်တဲ့အလုပ်သမားတွေကို ဧပြီလ ၃၀ ရက်နေ့ မတိုင်မီ မိမိတို့ထွက်ခွာခဲ့တဲ့ နယ်စပ်ဂိတ်က တစ်ဆင့် ပြန်လည်ဝင်ရောက်ရမယ်လို့သိရပါတယ်။ သတ်မှတ်ရက်ကျော်လွန်ပြီး ထိုင်းနိုင်ငံကို ပြန်လည်ဝင်ရောက်မယ်ဆိုရင် ပုံမှန်အတိုင်း Re-Entry တုံးကို ထုပြီးမှ အဝင်ပြုလုပ်ရမယ်ဆိုပြီး ကြေညာထားတာပါ။

ထိုင်းနိုင်ငံအစိုးရအနေနဲ့ သင်္ကြန်ကာလအတွင်း နေရပ်ပြန်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် Re-Entry ကင်းလွတ်ခွင့်ပြုထားတာ ၃ နှစ်ရှိနေပြီး အလုပ်သမားတွေ Re-Entry တုံးထုခ ဘတ်တစ်ထောင် ပေးဆောင်စရာမလိုတော့ဘူးလို့ MWRN ရန်ကုန်ရုံးခွဲမှ အတွင်းရေးမှူး ဦးစိန်ဌေးက Duwun ကိုပြောပါတယ်။

“ထိုင်းအစိုးရက သင်္ကြန်တွင်း ပြန်တဲ့သူတွေကို Re-Entry တုံးထုခ ကင်းလွတ်ခွင့်ပေးထားတာပါ။ တခြားကာလ ပြန်တဲ့သူတွေကတော့ တုံးထုခပေးဆောင်ရပါတယ်။ ဒီလို ခွင့်ပြုပေးလိုက်တော့ အလုပ်သမားတွေက သင်္ကြန်ကာလရောက်ရင် တစ်နှစ်ကို ၂ သိန်း ၃ သိန်းဝန်းကျင် လောက်ပြန်ကြပါတယ်” လု့ိ ဦးစိန်ဌေးက ဆိုပါတယ်။

အခြားပိတ်ရက်တွေမှာ ပြန်လိုတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကတော့ Re-Enrty တုံးထုပြီး ထွက်ခွာခွင့် ပေးဆောင်ရတာဖြစ်ပါတယ်။ လစဉ် ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်သူ လစဉ် တစ်သောင်းခွဲဝန်းကျင်ခန့်ရှိပြီး ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်သူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂သန်းခွဲ ရှိတယ်လို့ အစိုးရက ထုတ်ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က