ဒါပေမယ့် ပညာရေးကို ဦးစားပေးသွားမှာပါတဲ့။

ထင်သစ္စာကတော့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သမီးလေး၊ ဘုန်းမင်းနေလရဲ့ ညီမလေးဖြစ်ပါတယ်။ သူမဟာ အနုပညာနဲ့ ပတ်သက်လာရင် အဆိုတော် တစ်ယောက်ဖြစ်ချင်တယ်လို့ ဆိုပါတယ်။

Photo: Htin Thitsar



သရုပ်ဆောင်ခင်ဇာခြည်ကျော်ရဲ့ သမီးငယ်လေး ထင်သစ္စာကိုတော့ ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်မှာပါ။ အခုလက်ရှိမှာတော့ ထင်သစ္စာဟာ သူမကြိုက်တဲ့ နိုင်ငံခြားသီချင်းလေးတွေ၊ မြန်မာသီချင်းလေးတွေကို Cover Song အနေနဲ့ ပြန်ဆိုနေတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ အနုပညာဆိုရင်တော့ အဆိုဘက်အပိုင်းကို ပိုပြီးတော့ ဝါသနာပါတယ်။ အဆိုနဲ့ပတ်သက်ပြီး မေမေ့ကို အခု Cover သီချင်းလေးတွေ ဆိုချင်တယ်လို့ပြောထားတယ်။ မေမေကတော့ အသံသွင်းဖို့အတွက် Studio တွေနဲ့လိုက်ချိတ်ပေးမယ်လို့တော့ ပြောတယ်။ ညီမကတော့ အင်္ဂလိပ်သီချင်းကို ဆိုတာ ပိုများတယ်။ ဖေ့စ်ဘွတ်မှာ တင်ထားတာတွေလည်းရှိတယ်။ နောက်ထပ် ဘာသီချင်းတင်ရမလဲဆိုတာကိုတော့ စဉ်းစားနေတုန်းပဲရှိသေးတယ်’’ လိ့ု ဆိုပါတယ်။

Photo: Htin Thitsar

လက်ရှိမှာတော့ ထင်သစ္စာက တက္ကသိုလ်တက်နေတာပါ။ သူ ဝါသနာပါတဲ့ ဂီတအလုပ်တွေကိုတော့ ပညာရေး ဆုံးခန်းတိုင်ပြီဆိုမှသာ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

‘’ အခု IT ဖြေပြီးသွားရင် စင်ကာပူမှာ ကျောင်းသွားတတ်မယ်။ စင်ကာပူမှာ ၃ နှစ်ကျောင်းတက်ပြီးလို့ ဘွဲ့ယူပြီးသွားပြီဆိုရင် ဒီကို ပြန်လာပြီးတော့ အဆိုပိုင်းကို ဆက်လုပ်မယ်။ Cover သီချင်းတွေကိုလည်း အခုက အစပျိုးထားတာပေါ့နော်။ ပြန်လာရင်တော့ ပိုပြီးတော့ အာရုံစိုက်ဖြစ်မယ်ထင်တယ်’’ ဇွန်လ ၁၀ ရက်နေ့က Lady Boy Family Show ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Mie Mie Lay

ထင်သစ္စာဟာ စင်ကာပူနိုင်ငံကို ကျောင်းသွားတက်မယ်လို့ ဆိုပါတယ်။ မိဘနဲ့ ခွဲနေရမှာဖြစ်တဲ့အတွက် ကိုယ့်ခြေထောက်ကိုယ်ရပ်တည်နိုင်ဖို့ မိခင်ဖြစ်သူရဲ့ ဆုံးမသွန်သင်မှုတွေကို လိုက်နာနေပါတယ်တဲ့။

‘’ စင်ကာပူကို သွားဖို့က နောက်နှစ် ဒါမှမဟုတ် ၂၀၂၁ လောက်ဖြစ်မယ်ပေါ့နော်။ ဟိုမှာ တစ်ယောက်တည်း သွားနေရမှာဆိုတော့ ရင့်ကျက်အောင်တော့ နေတတ်ရမှာပေါ့နော်။ နိုင်ငံခြားမှာ ကျောင်းသွားတက်ရမှာဆိုတော့ ဟိုရောက်ရင် ထမင်းချက်ကျွေးမယ့်လူလည်း မရှိဘူး။ အဝတ်တွေလည်း ကိုယ့်ဘာသာကိုယ်လျှော်ရမှာဆိုတော့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ထားဖို့ မေမေက ပြောတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Htin Thitsar

ထင်သစ္စာကိုတော့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သမီးငယ်၊ မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော် ဘုန်းမင်းနေလရဲ့ ညီမလေး အဖြစ် ပရိသတ်တွေ သိရှိခဲ့တာပါ။ အခုလက်ရှိမှာလည်း သူမဟာ မိခင်ဖြစ်သူ၊ အစ်ကိုဖြစ်သူတို့နဲ့အတူ မဂ္ဂဇင်းကာဗာတွေမှာ ပါဝင်နေသူဖြစ်ပါတယ်။ သူမကလည်း အနုပညာကို ဝါသနာပါသူ တစ်ယောက်ပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က