သရုပ်ဆောင် ခိုင်နှင်းဝေဟာ မြန်မာနိုင်ငံမှာ ခိုင်နှင်းဝေပရဟိတအသင်းကို တည်ထောင်ထားပြီး ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက် လုပ်ကိုင်နေသူပါ။ အခုဆိုရင် ခိုင်နှင်းဝေကို ချစ်တဲ့ ပရိသတ်ကြောင့် ခိုင်နှင်းဝေပရဟိအသင်းက ထိုင်းနိုင်ငံမှာပါ ကူညီမှုတွေ လုပ်ဆောင်ပေးနိုင်နေပါပြီ။
Photo : ခိုင်နှင်းဝေ FB
သရုပ်ဆောင် ခိုင်နှင်းဝေ ဦးစီးတဲ့ ပရဟိတအသင်းမှာ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာလည်း ရှိနေပါပြီ။ ထိုင်းနိုင်ငံမှာရှိတဲ့ ခိုင်းနှင်းဝေပရဟိတ ကိုယ်စားလှယ်အသင်းကို မတ်လက စတင်ဖွဲ့စည်းခဲ့တယ်လို့ Duwun Media ကို ဖြေဆိုခဲ့ဖူးပါတယ်။
''ထိုင်းမှာ ဖျော်ဖြေရေးတစ်ခုသွားရင်းနဲ့ ပရဟိတလုပ်နေကြတဲ့ ပရိသတ်တချို့က ဒီမှာလည်း အသင်းအဖွဲ့လေးတစ်ခုလုပ်ချင် တယ်လို့ ပြောတော့ အစ်မတို့ကလည်း ကြိုဆိုတယ်။ ပရဟိတအလုပ်ကို ဘယ်လိုလုပ်ရမလဲ ဘယ်လို စည်းကမ်းတွေထားရမယ် ဆိုတာကို သေချာပြောပြခဲ့တယ်" လို့ ဖြေဆိုပေးခဲ့ပါတယ်။
Photo : ခိုင်နှင်းဝေ FB
သူမဦးစီးတဲ့ ပရဟိတအသင်းကြီးဟာ ထိုင်းနိုင်ငံမှာပါ ရှိလာနိုင်တဲ့အတွက် သူမအနေနဲ့ အရမ်းကို ဂုဏ်ယူမိတယ်လို့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။
"ဘယ်နေရာရောက်ရောက် ကျွန်မကို အနုပညာရှင်အဖြစ် ချစ်ခင်မှုရော ပရဟိတသမားအဖြစ် လက်ခံပေးပြီး ကျွန်မအားပေး စကား တွေအတွက် သူတို့ စိတ်ဓာတ်ခွန်အားရတယ်ဆိုတဲ့အတွက် ကျွန်မဝမ်းသာမိပါတယ်။ ထိုင်းနိုင်ငံမှာ ကျွန်မအသင်း ရှိလာတဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်" လို့ ခိုင်နှင်းဝေရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။
မုတ္တမဆေးရုံအတွက် ခွဲစိတ်ခန်းဝတ်စုံတွေလှူမယ့် ခိုင်နှင်းဝေ
ထိုင်းနိုင်ငံရောက်မြန်မာပြည်သားများအနေနဲ့ ဒုက္ခရောက်နေသော မြန်မာပြည်သားတွေကို တစ်ဖက်တစ်လမ်းကနေပါဝင် ကူညီ လှူဒါန်း လိုပါက ထိုင်းနိုင်ငံခိုလမြို့ခိုင်နှင်းဝေပရဟိတအသင်းကိုယ်စားလှယ် ခေါင်းဆောင်များဆီ လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။
ဖုန်းနဲ့ဆက်သွယ်လိုပါက 0949053787 (ကိုသိန်းတိုးအောင်)၊ ဦးအေဝမ်း---0634937126 တို့သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။
Photo : ခိုင်နှင်းဝေ FB
ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ ခိုင်နှင်းဝေက အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အားတက်သရော ပါဝင်ကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။