ဟာသကားတွေကို သေချာရွေးချယ်ပြီးမှရိုက်မယ်။

ခိုင်သင်းကြည်ဟာ ပရိသတ်ချစ်ခင်အားပေးတဲ့ ဟာသဇာတ်ရုပ်တွေကို မရိုက်ပဲမနေဘူးလို့ ပြောပါတယ်။ ဒါပေမယ့် မြင်တွေ့နေကြမဟုတ်တဲ့ ဇာတ်ရုပ်တွေကိုပဲ လက်ခံရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။

Photo: Khine Thin Kyi



ခိုင်သင်းကြည်ကတော့ ဟာသဇာတ်ကားတွေ ရိုက်ရတာ အရမ်းများနေပြီလို့ ဆိုပါတယ်။ ဒါကြောင့် လာ ကမ်းလှမ်းတဲ့ ကာရိုက်တာတိုင်းကိုလည်း သေချာ ရွေးချယ်ပြီး စိတ်တိုင်းကျမှ ရိုက်ဖြစ်တယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

“ ဟာသဇာတ်ကားရိုက်ရတာအများဆုံးမင်းသမီးက မခိုင်လေးဖြစ်နေတာပေ့ါနော်။ အဲဒီအခါကျတော့ ပြန်ပြီးတော့ ရွေးချယ်လိုက်တဲ့သဘော၊ ပြန်ပြီးတော့ စိစစ်လိုက်တဲ့ သဘောပါပဲ။ ၃ ကား၊ ၄ကားလောက်ရှိတယ် မရိုက်ဖြစ်ဘူး။ ဇာတ်ကားမရိုက်ဖြစ်တာလည်း စက်တင်ဘာလကတည်းက မရိုက်ဖြစ်တာ ၃ လလောက်တောင်ရှိနေပြီ။ကမ်းလှမ်းထားတဲ့ ဇာတ်ကား ၂ ကား၊ ၃ကားလည်းရှိတယ် ဒါပေမယ့် ဇာတ်ညွှန်းတွေလည်း ပြန်ပြင်နေတယ်၊ ပြီးတော့ ဒီဇာတ်ညွှန်းကို မခိုင်လေးလည်း ဖတ်ရဦးမှာ၊ ရိုက်ချင်မှလည်းရိုက်ဖြစ်မှာ” ဆိုပြီးတော့ ဒီဇင်ဘာလ ၈ ရက်နေ့က “ရည်းစားတစ်ခုလပ်များ” ရုပ်ရှင်အထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Oakkarlay

ခိုင်သင်းကြည်ဟာ ကမ်းလှမ်းခဲ့သမျှ ဇာတ်ကောင်တိုင်းကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူမသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေထဲကမှ ဟာသဇာတ်ကားတွေကတော့ ပရိသတ်အားပေးမှုအများကြီး ရခဲ့တယ်လို့ ဆိုပါတယ်။

“ ဟာသဇာတ်ကားမရိုက်ဘူးလို့လည်း မဟုတ်ပါဘူး။ မခိုင်လေးကို ဟာသဇာတ်ကားတွေနဲ့ ချစ်ကြတာဆိုတော့လေ။ ကိုယ်လုပ်ပြီးသားပုံစံတွေပေါ့နော် ကိုယ့်အတွက်တောင် မထူးဆန်းဘူးဆိုမှတော့ ပရိသတ်အတွက်လည်း ထူးဆန်းမှာမဟုတ်ဘူးပေါ့နော်။ မခိုင်လေးနေရာမှာ တခြားတစ်ယောက်ဆို ထူးဆန်းမယ်။ ဆိုလိုချင်တာက ဇာတ်ကားက ထူးဆန်းပေမယ့် မခိုင်လေး လုပ်ဖူးနေကြ ကာရိုက်တာဖြစ်နေလို့ မရိုက်ဖြစ်တာပါ။မခိုင်နေရာမှာ တခြားတစ်ယောက်ဆို ဆန်းမယ်ပေါ့။ ဟာသဇာတ်ကားဆိုရင်လည်း မခိုင်လေးအတွက် လုပ်ကွက်အပြည့်အဝရမယ့် ဇာတ်ကားမျိုးဆိုရင်တော့ ရိုက်ဖြစ်မှာပါ” လို့ သူကဆိုပါတယ်။

Photo: Khine Thin Kyi

ခိုင်သင်းကြည်ရဲ့ အနုပညာသက်တမ်းကတော့ အခုဆိုရင် နှစ်ပေါင်း ၃၀ ခန့်ရှိပြီဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးထားပါသေးတယ်။ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားတွေ၊ တီဗီကြော်ငြာတွေ ရိုက်ကူးနေရသူ တစ်ယောက်ပါ။ ခိုင်သင်းကြည်ဟာ ပထမဆုံးအကြိမ်အကယ်ဒမီဆုအနေနဲ့ ၂၀၁၃ ခုနှစ်မှာတော့ ''စုန်းပြူး''ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ''ကောင်းကျိုးကိုယ်၌တည်စေမင်း''ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က