အင်္ဂလန်နည်းပြဆောက်ဂိတ်အနေနဲ့ အေဘရာဟင်ကို လက်ရွေးစင်အသင်းဆီခေါ်ယူလိုနေပါတယ်။

လက်ရှိပရီးမီးယားလိဂ်ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတဲ့ အေဘရာဟင်အနေနဲ့ နိုင်ငံနှစ်နိုင်ငံ ကို ကိုယ်စားပြုကစားခွင့်ရှိနေတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့အပြင် ပရီးမီးယားလိဂ်သွင်းဂိုး ၇ဂိုးအထိရရှိထား တဲ့လူငယ်တို က်စစ်မှူးအေဘရာဟမ်အနေနဲ့ မိဘနှစ်ဦးရဲ့အခြေအနေကြောင့် နိုင်ငံလက်ရွေးစင်အ သင်း ရွေးချယ်ရ န်အခက်အခဲအချို့ရှိနေတယ်လို့ TheSun က ဖော်ပြလာပါတယ်။

အေဘရာဟင်အနေနဲ့ အင်္ဂလန်နိုင်ငံမှာမွေးဖွားခဲ့သူဖြစ်တဲ့အတွက် အင်္ဂလန်လက်ရွေးစင်အသင်းကို ေ ရွးချယ်နိုင်နေသလို ဖခင်ဖြစ်သူရဲ့  မွေးရပ်မြေနိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းကို လည်း  ရွေးချယ်ခွင့်ရှိနေခဲ့တာပါ။



“ အေဘရာဟမ်အနေနဲ့ ယုံကြည်မှုတစ်ခုရရှိခဲ့တာနဲ့အတူ ပုံစံကောင်းတွေရရှိနေခဲ့တာပါ။ တစ်ချိန်မှာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ မြင်တွေ့ခွင့်ရမယ်လို့လည် မျှော်လင့်မိပါတယ်။ ဒါပေမဲ့ဖခင်ဖြစ်သူရဲ့ အခြေအနေကြောင့် နိုင်ဂျီးရီးယားအသင်းကလည်း အလိုရှိနေခဲ့တယ်။ အေဘရာဟမ်လိုကစားသမား  မျိုးကို လိုချင်တယ်ဆိုတာဆန်းတော့မဆန်းပါဘူး” လို့ ချဲလ်ဆီးအသင်းနည်းပြလမ်းပတ်က အေဘရာ ဟမ်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုခဲ့ပါတယ်။

အေဘရာဟင်အနေနဲ့ လက်ရှိမှာ သက်တမ်းလိုက်အင်္ဂလန်လက်ရွေးစင်အသင်းတွေဖြစ်တဲ့ ယူ-၁၈၊   ယူ-၁၉၊ ယူ-၂၁အသင်းတွေကို ကိုယ်စားပြုကစားခဲ့ဖူးသလို အင်္ဂလန်လက်ရွေးစင်အသင်းကြီးအတွက်  လည်း ပွဲစဉ် ၂ပွဲပါဝင်ကစားပေးထားခဲ့သူဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားပေးခဲ့ဖူးပေမယ့် သာမန်ခြေစမ်းပွဲစဉ်သာဖြစ်တဲ့အတွ က် နို င်ငံလက်ရွေးစင်အသင်းကိုယ်စားပြုမှုတွင် စိတ်ကြိုက်ရွေးချယ်ခွင့်ရှိနေတဲ့ အေဘရာဟမ်အနေနဲ့ဖီ ဖာအသိအမှတ်ပြုပွဲစဉ်တွေမှာ ကိုယ်စားပြုမယ့်နိုင်ငံတစ်နိုင်ငံကိုသာ ရွေးချယ်ရတော့မှာလည်းဖြ စ်ပါ တယ်။

Share

Loading Next Article...
က္က