ဦးအောင်ခိုင်က အာမခံကြေး သွားပေးခဲ့ပါတယ်။

လူကြမ်းသရုပ်ဆောင် ဂျစ်သားက ရုပ်ရှင်ရိုက်ကူးရေးလုပ်ရင်း ခါးရိုးကျိူးသွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။

Photo : အောင်ခိုင်

လူကြမ်းသရုပ်ဆောင် ဂျစ်သားဟာ ရိုက်ကွင်းမှာ ဇာတ်ကားရိုက်ကူးရင်း မြင်းပေါ်က ပြုတ်ကျပြီး ခါးရိုးကျိုးသွားခဲ့တယ်လို့ သိရပါတယ်။ ရိုက်ကွင်းမှ ဒဏ်ရာရသွားခဲ့တဲ့ လူကြမ်းသရုပ်ဆောင်ဆီသို့ ကိုယ်လူချောအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်ခိုင်က CB ကနေ အာမခံကြေးငွေ ထုတ်ပေးကာ ကိုယ်တိုင်ကိုယ်ကျ သွားပေးပေးခဲ့တယ်လို့ သိရပါတယ်။

Photo : အောင်ခိုင်

“ရုပ်ရှင်ရိုက်ကွင်းမှာမတော်တဆဖြစ်ပြီးခါးရိုးကျိုးသွားတဲ့သရုပ် ဆောင်ဂျစ်သားအားCBထိခိုက်မှုအာမခံဌာနမှငွေကျပ်ငါးသိန်း(500000/)ထောက်ပံ့မှုအား တာဝန်ခံထုတ်ယူပြီးအိမ် တိုင်ယာရောက်ပို့ပေးခဲ့ပါသည်။ ကိုဂျစ်သားအားကူညီထောက် ပံ့ပေးပါသော ဦးထွန်းထွန်းCB အာမခံလုပ်ငန်းနှင့်စာနာစိတ် ဖြင့်ကိုတိုင်လာရောက် လှူဒါန်းကြပါသော ပရိသတ်များအားကို ဂျစ်သားကိုယ်စား ကိုလူချောအဖွဲ့မှ အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်” ဆိုပြီး ဇွန်လ(၁၃) ရက်နေ့က ဦးအောင်ခိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : အောင်ခိုင်

လူကြမ်းသရုပ်ဆောင် ဂျစ်သားအတွက်လည်း ပရိသတ်တွေ စိတ်မကောင်းဖြစ်လို့နေပါတယ်။ ပရိသတ်တွေက ကျန်းမာရေး အမြန်ဆုံး ပြန်ကောင်းပြီး ဖိုက်တင်ခန်းတွေပါ အမြန်ဆုံး ပါဝင်သရုပ်ဆောင်နိုင်ဖို့ ဆုတောင်းပေးထားကြပါသေးတယ်။ သူပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရှိသလို ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရှိခဲ့ပါတယ်။

ဦးအောင်ခိုင်ကတော့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာလည်း အမှုဆောင် တစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲ့ဒီနောက် ရုပ်ရှင်နဲ့ ဗီဒီယို လူကြမ်းသရုပ်ဆောင် တွေဖွဲ့စည်းထားတဲ့ ကိုလူချော အဖွဲ့မှာလည်း ဥက္ကဌတစ်ဦးအနေနဲ့ တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က