စည်းကမ်းချက်တွေကို ပြောပြလာပါတယ်။

ကြော်ငြာရိုက်ကူးရေးတွေ၊ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ ပြန်လည် ရိုက်ကူးသွားဖို့အတွက် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတယ်လို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။ 

Photo: Nyi Nyi



မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ကတော့ အနုပညာအလုပ်တွေပြန်လုပ်မယ် ဆိုပါက ရိုက်ကူးရေးအတွက် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ဇူလိုင်လ လောက်မှာ ရိုက်ကူးရေးတွေ ပြန်လုပ်ဖို့ ပိုသင့်တော်တယ်လို့လည်း Duwun ကနေ ပြောပြလာပါတယ်။ 

“ အခုချိန်မှာ ကြော်ငြာရိုက်ချင်တဲ့သူတို့၊ ဇာတ်လမ်းတွဲရိုက်ချင်တဲ့ သူတို့ကလာပြီး စုံစမ်း မေးမြန်းနေကြတာတွေရှိပါတယ်။ ကျွန်တော့် အထင်ကတော့ ဇူလိုင် ကျောင်းတွေ ပြန်ဖွင့်တဲ့ အချိန်မှာ လုပ်တာက ပိုသင့်တော်မယ် ထင်တာပဲ။ ရိုက်မယ်ဆိုရင် ရိုက်ကွင်းမှာ ပါတဲ့လူတွေက လွန်ခဲ့တဲ့ တစ်လအတွင်း ခရီးသွားရာဇဝင် ဖောင်ကိုပါ ဖြည့်ပြီးတော့ တင်ရမယ်။ သံသယလူနာနဲ့ ထိတွေ့မှု ရှိမရှိဆိုတာကိုလည်း ဖောင်ဖြည့်ရတယ်။ ရိုက်ကွင်းမှာဆိုလည်း ကျန်းမာရေး ဝန်ထမ်းတစ်ယောက်၊ သူနာပြု တစ်ယောက် ထားရမယ်။ ကိုယ်အပူချိန်တိုင်းရမယ်။ မနက် ရောက်ရောက်ခြင်းလုပ်လို့မရဘူး။ မနက် တစ်ခါ၊ နေ့လယ် တစ်ခါ စစ်ပေးရမယ်။ စည်းမျဉ်းစည်းကမ်းတွေတော့ များတယ်။ လိုက်နာဖို့လည်း လိုတယ်။ သရုပ်ဆောင်တွေက လွဲရင် ကျန်တာတွေက ၆ ပေကြား Mask တွေ တပ်ထားရမယ်။ မိတ်ကပ်၊ ဆံပင် လုပ်တဲ့လူကျတော့ ထိတွေ့မှု နီးကပ်တယ်ဆိုတော့ face shields တွေ ဝတ်ရမယ်” လို့ မေလ ၂၇ ရက်နေ့က ဇာဂနာတို့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Nyi Nyi

Covid -19 ကာလမှာ လူစုလူဝေး မလုပ်ရဘူးဆိုတာကြောင့် အနုပညာရှင်တွေလည်း ရိုက်ကူးရေးအလုပ်တွေ ရပ်နားထားရသလို ရုပ်ရှင်ရုံတွေလည်း ပိတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံတွေပြန်ဖွင့်ဖို့၊ ရုပ်ရှင်ဇာတ်ကားတွေ ရုံတင်ပြသဖို့အတွက်ကိုလည်း အခက်အခဲတွေ ရှိနေသေးတယ်လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။ 

“ စတိတ်ရှိုးလိုမျိုး လေဟာပြင်မှာ လုပ်လို့ရတာမျိုးဆိုရင်တော့ မဆိုးဘူးပေါ့နော်။ ရုပ်ရှင်ဆိုတာက ရုံထဲမှာ ကြည့်ရတာ အလုံပိတ်အခန်းထဲပေါ့။ လာကြည့်လို့ရရင်တောင်မှ လာကြည့်တဲ့ ပရိသတ်တွေက သူတို့တွေ စိတ်သန့်ပါ့မလား ဒါတွေလည်း စဉ်းစားရမယ်လေ” လို့ ဆက်လက် ပြောပြလာပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆု ပေးပွဲရက်ကိုလည်း ရွှေ့ဆိုင်းထားတာ တွေ့ရပါတယ်။ 

Photo: Nyi Nyi

 ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်ကတော့ အနုပညာလောကမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုလည်း ရရှိပြီးသူတစ်ယောက်ပါ။ သူဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးကို၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး တာဝန်ယူဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ အနုပညာလောကအတွက် ဥက္ကဌကောင်း တစ်ယောက်ဖြစ်မယ်လု့ိ လည်း အနုပညာရှင်များစွာ တို့က မှတ်ချက်ပေးခံထားရသူတစ်ဦးပါပဲ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က