အောက်တိုဘာလထဲမှာ ရုံတင်တော့မှာပါ။

မေလထဲမှာ ရိုက်ကူးခဲ့တဲ့ အခမ်းနားဆုံး ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အောက်တိုဘာလထဲမှာ ရုံတင်ဖို့အတွက် ခွင့်ပြုချက်ရခဲ့ပါပြီ။ နေတိုးနဲ့ နေခြည်ဦး ဘယ်လိုတွေ “Ro” ထားကြမလဲဆိုတာ မကြာခင် တွေ့ရတော့မှာနော်။

 

နေတိုးနဲ့ နေခြည်ဦးတို့ ပါဝင်ထားတဲ့ “အခမ်းနားဆုံး” ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာ(၁၇) ရက်နေ့ကစပြီး ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ မေလထဲမှာ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ရိုက်ကူးပြီး သိပ်မကြာခင်မှာပဲ ရုံတင်ပြသခွင့်ကို ရခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ဇာတ်ကားကို စောင့်မျှော်နေတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းတစ်ခုလို့ ဆိုရမှာပါ။

“အခမ်းနားဆုံး” ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးထားဖြစ်ပြီး 7 Sense Production က ထုတ်လုပ်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီကားက အရမ်းကို “Ro” တဲ့ အချစ်ဇာတ်ကားတစ်ကားဖြစ်တာကြောင့် စတင်ရိုက်ကူးကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ဒီဇာတ်ကားဟာ နေခြည်ဦးအနေနဲ့ နေတိုးနဲ့ ပထမဆုံး တွေ့ဆုံခွင့် တွဲဖက်သရုပ်ဆောင်ခွင့်ရတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားပါ။

နေတိုးက သူ့ရဲ့ ကာရိုက်တာ ပတ်သက်ပြီး ဇာတ်ကား ကန်တော့ပွဲနေ့က ယခုလို ပြောပြခဲ့ပါသေးတယ်။

‘’ ဒီနေ့ ဇာတ်ကားကို ဒါရိုက်တာကတော့ လူငယ်အမျိုးသမီး ဒါရိုက်တာလေး ပွင့်သိင်္ဂီဇော်ပါ။ ကာရိုက်တာကတော့ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊ ပြီးပြည့်စုံတဲ့ လူတစ်ယောက်ရဲ့ ပတ်ဝန်းကျင် ဒါလေးတွေကို ဒီဇာတ်ကားအမှာ မြင်တွေ့ရမှာပါ'' လို့ သူကဆိုပါတယ်။

နေခြည်ဦးကတည်း နေတိုးနဲ့အတူ တွဲဖက်သရုပ်ဆောင်ရမှာ ဖြစ်လို့ ရင်ခုန်ခဲ့ကြောင်း ပြောပြဖူးခဲ့ပါသေးတယ်။

‘’ ဒီဇာတ်ကားကတော့ နေခြည့်အတွက် ကိုနေတိုးနဲ့ ပထမဆုံးရိုက်ဖူးတဲ့ ရုပ်ရှင်ဇာတ်ကားလေးပါ။ ဒီဇာတ်ကားလေးက မြင်နေကြမဟုတ်တဲ့ ပုံစံလေး အချစ်ဇာတ်ကားလေးပေါ့။ ကိုနေတိုးနဲ့ နေခြည်ရဲ့ ပထမဆုံး ဆုံစည်းမှုမှာ ဒီလိုကား ဆန်းဆန်းလေးလည်း ဖြစ်တဲ့အတွက် အရမ်းရင်ခုန်နေပါတယ်’’ လို့ ဆိုပါတယ်။

အခုတော့ သူတို့နှစ်ယောက် ပထမဆုံး ဆုံစည်းထားတဲ့ ရုပ်ရှင်ဇာတ်ကားက မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က