ဇန်နဝါရီ ၉ ရက် မနက် ၆ နာရီခွဲတိုင်းထွာချက်အရသိရပါတယ်။

မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းအနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဒီနေ့ ဇန်နဝါရီ (၉) ရက် မနက် ၆ နာရီခွဲတိုင်းတာချက်အရ အားပျော့ပျက်ပြယ်သွားပြီလို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

Photo - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဒီဇင်ဘာ ၉ ရက် ညနေပိုင်းအထိ တနင်္သာရီတိုင်းမှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့မှာနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရွာရန်ရာနှုန်း(၈၀) ဖြစ်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။




နောက်၂ရက်အထိ ခန့်မှန်းချက်ကတော့ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူး တိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

လက်ရှိတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေတယ်လို့ မိုးဇလခန့်မှန်းချက်တွေအရသိရပါတယ်။

မြန်မာ့ပင်လယ်ပြင်မှာလှိုင်းအသင့်အတင့်ရှိပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့မှာ လှိုင်းအမြင့်က(၄)ပေမှ (၇)ပေခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Share

Loading Next Article...
က္က