ထိုင်းသင်္ကြန်ပွဲတော်ကို ဧပြီ ၁၁ ရက်မှ ၁၇ ရက်အထိ ဆင်နွှဲနေပေါတယ်။

ထိုင်းနိုင်ငံ သင်္ကြန်ပွဲတော် (ဆွန်ခရမ် - Songkran) ပထမ နှစ်ရက်အတွင်း ယာဉ်မတော်တဆမှု ၁,၀၀၀ နီးပါး ဖြစ်ပွားခဲ့ပြီး လူတစ်ရာကျော် သေဆုံးခဲ့ပါတယ်။

(Photo: Thai PBS)

ထိုင်းသင်္ကြန်ပွဲတော်ရဲ့ ပထမ နှစ်ရက်ဖြစ်တဲ့ ဧပြီ ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ ယာဉ်မတော်တဆမှု ၉၆၉ ခု ဖြစ်ပွားခဲ့ပြီး လူ ၁၀၅ ဦး သေဆုံးကာ ၁,၀၀၁ ဦး ဒဏ်ရာရခဲ့ကြောင်း ကမ္ဘာလှည့်ခရီးသည်နဲ့အားကစားဝန်ကြီး Worawit Techasupakur က ယနေ့ (ဧပြီ ၁၃ ရက်) ပြောပါတယ်။


ပြီးခဲ့တဲ့ နှစ်ရက်အတွင်း တစ်နိုင်ငံလုံးမှ ယာဉ်မတော်တဆမှုတွေအနက် ထိုင်းတောင်ပိုင်းရှိ Nakhon Si Thammarat မြို့မှာ အများဆုံးဖြစ်ပြီး ယာဉ်မတော်တဆမှု ၄၃ ခု ဖြစ်ပွားခဲ့တယ်လို့ The Nation သတင်းမှာ ဖော်ပြပါတယ်။

(Photo: Prasit Tangprasert)

ထိုင်းသင်္ကြန် ပထမ နှစ်ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုအရေအတွက် အများဆုံးမှာ Lop Buri ပြည်နယ်မှာဖြစ်ပြီး လူ ၇ ဦး သေဆုံးခဲ့ပါတယ်။ Nakhon Ratchasima မြို့မှာတော့ အဆိုပါ နှစ်ရက်အတွင်း ယာဉ်မတော်တဆမှုတွေကြောင့် ဒဏ်ရာရသူ ၅၀ ရှိခဲ့ပြီး ဒဏ်ရာရမှု အများဆုံးဖြစ်ခဲ့ပါတယ်။

စာရင်းအချက်အလက်တွေအရ ယခု ယာဉ်မတော်တဆမှု အများစုဟာ အဝေးပြေးလမ်းမတွေနဲ့ ကျေးရွာများ၊ ခရိုင်လက်အောက်ခံ ဒေသများရှိ လမ်းတွေမှာ ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။ ထိုင်းနိုင်ငံ နေရာအသီးသီးရှိ လမ်းအားလုံးမှာ ယာဉ်စည်းကမ်းကို ကြပ်မတ်အရေးယူ ဆောင်ရွက်မှုတွေလုပ်ဆောင်ရန် အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နှစ်စဉ် ထိုင်းသင်္ကြန်ပွဲတော် ရက်များအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာရမှုတွေ ဖြစ်လေ့ရှိပြီး 'အန္တရာယ်ရှိတဲ့ ခုနစ်ရက်' (Seven Days of Danger) လို့ သုံးနှုန်းခေါ်ဝေါ်ကြပါတယ်။ ယခုနှစ် ထိုင်းသင်္ကြန် ပထမ နှစ်ရက်မှာ ယာဉ်မတော်တဆမှု ဖြစ်ပွားနှုန်းနဲ့ သေဆုံးဒဏ်ရာရသူ အရေအတွက်ဟာ ယမန်နှစ် အလားတူ ရက်တွေထက် လျော့ကျသွားခဲ့တယ်လို့ Road Safety Directing Center မှတ်တမ်းအရ သိရပါတယ်။ ၂၀၁၉ ခုနှစ် ထိုင်းသင်္ကြန်ပွဲတော်ကို ဧပြီ ၁၁ ရက်မှ ၁၇ ရက်အထိ ဆင်နွှဲနေပေါတယ်။

ဆက်စပ်သတင်း - ထိုင်းသင်္ကြန်ကာလ ဆိုရှယ်မီဒီယာမှာ အရက်နဲ့ အဖော်အချွတ်ပို့စ်တင်ပါက ထောင်ကျနိုင်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က