ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်ထားပါတယ်။

မြဝတီနယ်စပ် အမှတ်(၂)ချစ်ကြည်ရေးတံတားကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၂၈၂)ဦးမှာ သံသယလူနာ (၄)ဦးပါဝင်နေတယ်လို့ သိရပါတယ်။ 

photo -Thant Zin Aung (မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်)



ထိုင်းကနေတစ်ဆင့် ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား(၄)ဦးမှာ COVID 19 သံသယလက္ခဏာတွေ တွေ့ရှိခဲ့သလို မြန်မာနိုင်ငံထဲကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတစ်ဦးမှာလည်း သံသယလက္ခဏာတွေ တွေ့ရှိခဲ့တာကြောင့် (၅)ဦးလုံးကို ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ထားတယ်လို့ မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က Duwun ကိုပြောပါတယ်။

 “ မေလ (၁)ရက်နေ့ကနေပြီး (၈)ရက်နေ့ထိ ပြန်လည်ဝင်ရောက်လာသူက (၂၈၂)ဦးရှိတယ်။ အဲဒီထဲက (၄)ဦးက COVID 19 သံသယလက္ခဏာတွေနဲ့ ဖျားနာနေတဲ့သူတွေပါ။ သူတို့(၄)ယောက်အပါအဝင် တရုတိနိုင်ငံသား(၁)ဦးရဲ့ နှာခေါင်းတို့ပတ်တွေကို NHL ကိုပို့ပြီး ဓာတ်ခွဲစစ်ဆေးထားတယ်။ ဒီညလောက်တော့ ရောဂါပိုး ရှိ၊ မရှိ အဖြေသိရမှာပါ” လို့ ဦးသန့်ဇင်အောင်က ပြောပါတယ်။ 

လက်ရှိအချိန်ထိ ထိုင်းကပြန်လည်ဝင်ရောက်လာသူ (၂၈၂)ဦးလုံးကို မြဝတီမြို့နယ်က Quarantine စင်တာတွေမှာ စောင့်ကြည့်ပြီးရင် သူတို့နေထိုင်ရာမြို့နယ်တွေက Quarantine စင်တာတွေမှာလည်း (၂၁)ရက် ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ 

photo -Thant Zin Aung (မြဝတီမြို့နယ် လွှတ်တော်ကိုယ်စားလှယ်)

ထိုင်းနိုင်ငံကသံရုံးကတစ်ဆင့် ပေးပို့ထားတဲ့စာရင်းအရ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသား (၂)သောင်းကျော်လောက်ရှိနေပေမယ့်လည်း ယနေ့အချိန်ထိ(၂၀၀)ကျော်သာပြန်လည်ဝင်ရောက်လာသေးတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ထိုင်းနိုင်ငံကဘက်ကနေ COVID 19 နဲ့ ပတ်သက်လို့ အရေးပေါ်ထိန်းချုပ်ရေးညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့တာကြောင့် မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာမှုနှောင့်နှေးနေတာဖြစ်တယ်လို့ ဦးသန့်ဇင်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ မေလ(၁)ရက်နေ့ကစပြီး ပြန်လည်ဝင်ရောက်လာသူအားလုံးကို တားဆီးပိတ်ပင်တာမရှိဘဲ အားလုံးကို လက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၁၇၇)ဦးရှိနေပြီး ကရင်ပြည်နယ်မှာတော့ COVID 19 အတည်ပြုလူနာတစ်ဦးတစ်ယောက်မှ မရှိသေးပါဘူး။ 









ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က