သူ့ကြောင့် နေရဲ အထိနာသွားတာကို အားနာနေမိတယ်တဲ့။

သက်မွန်မြင့်ကတော့ သူမရဲ့ ဖိုက်တင်တွေကြောင့် နေရဲကိုတောင် အားနာခဲ့ရတယ်လို့ ဆိုပါတယ်။ မကြာခင်မှာရုံတင်ပြသတော့မယ့် ‘’သခင်ကြီးနဲ့ ငါးပိတို့စရာ’’ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သူမရဲ့ ဖိုက်တင်တွေကို မြင်တွေ့ရဦးမှာပါ။

Photo: The t Mon Myint



သက်မွန်မြင့်ကိုယ်တိုင် အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’သခင်ကြီးနဲ့ ငါးပိတို့စရာ’’ရုပ်ရှင်ဇာတ်ကားကတော့ မကြာခင်ရုံတင်ပြသတော့မှာပါ။ ဒီဇာတ်ကားမှာတော့ သက်မွန်မြင့်ရဲ့ ဖိုက်တင်ခန်းတွေ အများကြီးပါတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ သက်မွန်ကလေ ဗီဒီယို စရိုက်တဲ့အချိန်တုန်းက Tom boy ကာရိုက်တာလုပ်ဖူးတယ်။ အဲဒီတုန်းက ဖိုက်တင် အပြည့်ချဖူးတယ်။ ဒါပေမယ့် အဲဒီဇာတ်ကားက မထွက်ဖြစ်ဘူး။ ဒါက ဒုတိယမြောက်ကားပေါ့ နှစ်တွေ တော်တော်ကြာသွားပြီးမှဆိုတော့ ပထမဆုံးလို့ပြန်ပြောလို့ရတာပေါ့နော်။ ကိုယ်က ဖိုက်တင်ချရတာ ဝါသနာပါတယ်။ တိုက်ခိုက်ရတာမျိုးကြိုက်တယ်။ အဲဒါကလည်း သက်မွန်ကို ဆွဲဆောင်နိုင်တဲ့ လုပ်ကွက်လေးတစ်ခုပေါ့။ တကယ်ရိုက်တဲ့အခါမှာလည်း ခက်ခဲပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Amazing Grace

ဒီဇာတ်ကားဟာ သူမအတွက်တော့ အမှတ်တရတွေ များမယ့် ဇာတ်ကားတစ်ကားဆိုရင်လည်း မမှားပါဘူး။ ကိုယ်တိုင်လည်းရင်ခုန်နေရတဲ့ ဇာတ်ကား တစ်ကားပါလို့ ဆိုပါတယ်။

‘’တစ်ယောက်တည်း ချွန်ထွက်နေတာမျိုးတော့ မဟုတ်ဘူး။ ဇာတ်လမ်းအရတော့ တာဝန်ယူရတာများပါတယ်။ ကာရိုက်တာတိုင်းကလည်း သူ့နေရာနဲ့သူအရေးကြီးတယ်။ ဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ သူ့နေရာနဲ့သူအကုန်ကြိုးစားကြမှရမှာလေ။ မျှော်လည်း မျှော်လင့်ရသလို ရင်ခုန်ရတာပေါ့နော်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၀ ရက်နေ့ ညက ‘’သခင်ကြီးနဲ့ ငါးပိတို့စရာ’’ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Bling

ဖိုက်တင်ခန်းတွေမှာ Mood အပြည့်သွင်းပြီးရိုက်ခဲ့ရလို့ အားနာမိတဲ့သူတွေလည်းရှိတယ်လို့ သက်မွန်မြင့်က ပြောပါတယ်။

‘’ နေရဲဆို တော်တော်သနားဖို့ကောင်းတယ်။ သူ့ကို ဆံပင်ဆွဲပြီး မတာတို့ ဘာတို့ ပါတော့လေ ရုတ်တရက်လည်း ကိုယ်က Mood ဝင်သွားပြီးတော့ ဒီဇာတ်ကောင်ရဲ့ စိတ်တွေနဲ့ပဲ သူ့ကိုလုပ်လိုက်တာဆိုတော့ ဇာတ်ကားရိုက်ပြီးတဲ့အချိန်မှာ အစ်မရယ် တော်တော်နာတယ်တဲ့။ ကိုယ့်မှာ စိတ်လည်း မကောင်းဘူး ဒါပေမယ့် အိုက်တင်လည်း မလျော့ရဲဘူး။ လျော့သွားရင်လည်း ဒီဇာတ်ကြီးတစ်ခုလုံးက လျော့သွားမှာ ဆိုတဲ့ စိတ်ကလည်းရှိနေတာဆိုတော့လေ’’ လို့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။

Photo: Amazing Grace

သခင်ကြီးနဲ့ ငါးပိတို့စရာ ရုပ်ရှင်ကားကြီးကိုတော့ အောက်တိုဘာလ ၃၁ ရက်နေ့ဆိုရင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။ သူမဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က