ကျော်ကျော်ဗိုအတွက်ကတော့ အခြေခိုင်ပြီးသား ကားကို မောင်းရတာထက် ဆိုင်ကယ်နဲ့ စက်ဘီးကို စီးရတာ ပိုကြိုက်တယ်လို့ ဆိုပါတယ်။
Photo : ကျေ်ာကျော်ဗို
ကျော်ကျော်ဗိုအတွက်ကတော့ ဆိုင်ကယ်နဲ့ စက်ဘီးစီးရတဲ့ အရသာကို အရမ်းကြိုက်တယ်လို့ ဆိုပါတယ်။ Rose Rider ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတွေမှာလည်းကိုယ်တိုင် ဆိုင်ကယ်စီးပြီးသရုပ်ဆောင်ထားသလို ဆိုင်ကယ်စီးရတဲ့အရသာကိုလည်း ယခုလို ပြောပြခဲ့ပါတယ်။
“Rose Rider ရိုက်တုန်းက ရှုတင်ကို ကားနဲ့ မသွားတော့ဘူး ဆိုင်ကယ်နဲ့ပဲ ။အကုန်လုံးပဲ၊ ဆိုင်ကယ် စီးရတာ အရသာ အရမ်းရှိတာပေ့ါ ဆိုင်ကယ်တို့ စက်ဘီးတို့က ကျွန်တော်အကြိုက်ဆုံး မောင်းနှင်မှုထဲမှာ သူတို့ပါတယ်။ဘာလို့လည်း ဆိုတော့ အခြေခိုင်ထားတဲ့ ကားကို မောင်းတာမဟုတ်ဘူးလေ။ ဟိုက နှစ်ဘီးတည်းမှာ စက်တက်ပြီးမောင်းတာ။ကိုယ့်စိတ်ကို ကိုယ် Focus ပိုပြတ်ရတယ်။ စိတ်အာရုံစုးစိုက်မှုကလည်း ပိုကောင်းမှာရတာအဲ့အရသာကို ကျွန်တော်ကြိုက်တယ်” လို့ ကျော်ကျော်ဗိုက ဇွန်လ(၂၀) ရက်နေ့က ပြုလုပ်တဲ့ မောင်မျိုးမင်းရဲ့ မွေးနေ့ပွဲမှာ ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။
Photo : ကျေ်ာကျော်ဗို
နှင်းဆီအဖွဲ့သားတွေ ပါဝင်ထားတဲ့ Rose Rider ဇာတ်ကားကြီး ရိုက်ကူးခဲ့မှုနဲ့ ဇာတ်ကားရုံတင်နိုင်ဖို့အတွက် ကြိုးစားနေပုံကိုလည်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။
“Rose Rider ဇာတ်ကားရိုက်ကူးမှုကတော့ ကျွန်တော့်ဘဝအတွက် မှတ်မှတ်ရရ ၆လလောက် ရိုက်ကူးခဲ့ရတဲ့ ကားတစ်ကား ဖြစ်တယ်။ အကုန်လုံးလည်းပင်ပန်းတယ်။ကျွန်တော်တို့ တစ်ကားလုံးက ဆိုင်ကယ်ပေါ်မှာ ရိုက်တဲ့ကားဖြစ်တော့ သူများကားတွေထက် ပိုပင်ပန်းတယ်။ လမ်းပေါ်မှာ အလှုပ်တွေချည်း ရိုုက်နေရတော့ တော်တော်ပင်ပန်းတယ်။ အမှတ်တရပါပဲ။ကျွန်တော်တို့ ဒီနှစ်(၁၂)လပိုင်းလောက် နောက်ဆုံး ထားပြီး ရုံတင်နိုင်အောင်ကြိုးစားနေပါတယ်" လို့ သူက ဆိုပါတယ်။
Photo : ကျေ်ာကျော်ဗို
Rose Riders ရုပ်ရှင်ကားကြီးကိုတော့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်းနဲ့ ရဲလေး တို့နဲ့ အတူ သရုပ်ဆောင်သစ် ဇွန်လေးဖြူတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၈ ခုနှစ်အတွင်းက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။
Photo : ကျေ်ာကျော်ဗို
ကျော်ကျော်ဗိုဟာ နိုင်ငံကျော်ရွှေမန်းဦးတင်မောင်၊ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်း တို့ရဲ့ အနုပညာမျိုးစက်တွေထဲက တစ်ဦးဖြစ်ပါတယ်။ ကျော်ကျော်ဗိုရဲ့ အနုပညာသက်တမ်းကလည်း အနှစ် ၂၀ ကျော်သက်တမ်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်ဘက်မှာသာမက ဇာတ်သဘင်ဘက်မှာလည်း အနုပညာလှုပ်ရှားမှုတွေရှိခဲ့ပါသေးတယ်။ သူဟာ မကြာသေးခင်က ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ‘’ မုန်းစွဲ’’ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။