မနက်ဖြန်မှာ ကစားရတော့မှာပါ။

နောက်ဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလားမှာ တွေ့ဆုံခဲ့စဉ်က အာဆင်နယ်ဟာ အိမ်ကွင်းမှာပဲ ယူနိုက်တက်ကို (၁-၃) နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

တနင်္ဂနွေနေ့မှာ ကစားရမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ အာဆင်နယ်အနေနဲ့ နည်းစနစ်ပိုင်း ပြောင်းလဲပြီး ကစားသွားမယ်လို့ အာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ပြောကြားလိုက်ပါတယ်။ နောက်ဆုံးအကြိမ်အဖြစ် အက်ဖ်အေဖလားမှာ တွေ့ဆုံခဲ့စဉ်က အာဆင်နယ်ဟာ အိမ်ကွင်းမှာပဲ ယူနိုက်တက်ကို (၁-၃) နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ပွဲအတွက် Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အမ်မရီက ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် နဲ့ ယူနိုက်တက်တို့ဟာ လက်ရှိမှာ ရမှတ်တစ်မှတ်သာ ကွာဟနေတာဖြစ်ပြီး အဆင့် (၄) နဲ့ အဆင့် (၅)တို့မှာ ရပ်တည်နေကြပြီး အာဆင်နယ်အနေနဲ့ နိုင်ပွဲရခဲ့မယ်ဆိုရင် ယူနိုက်တက်ကို ပြန်လည်ကျော်တက်နိုင်မှာ ဖြစ်ပါတယ်။

"ပရီးမီးယားလိဂ်နောက်ဆုံးပွဲတွေမှာ ကျွန်တော်တို့ ယုံကြည်မှုကြီးကြီးမားမား ရှိခဲ့ပြီးတော့ အိမ်ကွင်းမှာ ကစားရတဲ့ ပွဲတွေကိုလည်း တည်ငြိမ်မှုအပြည့်နဲ့ ကစားနိုင်ခဲ့ပါတယ်၊ ယူနိုက်တက်နဲ့ ကစားရမယ့် တနင်္ဂနွေနေ့ ပွဲကတော့ တော်တော်လေးခက်ခဲတဲ့ ပွဲဖြစ်လာမှာပါ၊ သူတို့က လက်ရှိမှာ အကောင်းဆုံးပုံစံကို ရရှိနေတာပါ"

"ဒါပေမယ့် ကျွန်တော်တို့က အိမ်ကွင်းပရိသတ်ရှေ့မှောက်မှာ သူတို့ရဲ့ အားပေးမှုတွေကို အကူအညီရယူပြီးတော့ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်ရရှိဖို့ အားထုတ်သွားမှာပါ၊ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းသန်မာမှုကို ဒီပွဲမှာ မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်၊ အသင်းအတွက် အခွင့်အရေးတစ်ခုပါ၊ ဘာလို့လဲဆိုတော့ ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့က တည်ငြိမ်မှုရှိနေလို့ပါပဲ"

"တနင်္ဂနွေနေ့မှာ ကျွန်တော်တို့ မတူညီတဲ့ နည်းစနစ်ပိုင်းတွေကို အသုံးပြုဖို့ လိုအပ်နေပြီး တစ်ဦးချင်းအရလည်း အကောင်းဆုံးစွမ်းဆောင်ရည်တွေကို သူတို့နဲ့အတွေ့မှာ ပြသနိုင်ဖို့ ကြိုးစားရမှာပါ" လို့ အူနိုင်းအမ်မရီက ပြောကြားခဲ့ပါတယ်။ နှစ်သင်းစလုံးကတော့ ဥရောပပွဲတွေအတွက်

ပြင်သစ်ကို သွားရောက်ကစားခဲ့ပြီး ယူနိုက်တက်က ပီအက်စ်ဂျီကို အနိုင်ရရှိခဲ့ကာ အာဆင်နယ်ကတော့ ရင်းနက်စ်ကို အရေးနိမ့်ခဲ့ပါတယ်။

Share

Loading Next Article...
က္က