တန်းဆင်းဇုန်ရဲ့အထက် ၂ မှတ်အကွာမှာ ရပ်တည်နေရတာပါ။

မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ နည်းပြဆိုးလ်ရှားအပေါ်မှာ ယုံကြည်မှုပျောက်ဆုံးနေပြီဖြစ်ပြီး ဆိုးလ်ရှားက ကစားသမားတွေဟာ ၎င်းရဲ့စကားကို နားမထောင်တော့ဘူးလို့ ခံစားနေရကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားဟာ နောက်ထပ် ပရီးမီးယားလိဂ်ရှုံးပွဲကို ကြုံတွေ့ခဲ့ရပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ တန်းဆင်းဇုန်ရဲ့အထက် ၂ မှတ်အကွာမှာ ရပ်တည်နေရပြီး အခက်ခဲဆုံးအချိန်တွေကို ကျော်ဖြတ်နေရသူဖြစ်ပါတယ်။



မန်ချက်စတာယူနိုက်တက်အသင်းဟာ နိုင်ငံတကာအားလပ်ရက်အပြီးမှာ လီဗာပူးအသင်းကို အိမ်ကွင်းအိုုးထရက်ဖို့ဒ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ကြီးမားတဲ့ရှုံးပွဲဖြစ်လာခဲ့မယ်ဆိုရင် နည်းပြဆိုးလ်ရှားအနေနဲ့ နည်းပြရာထူးကို လက်လွှတ်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ဆိုးလ်ရှားဟာ ၎င်းရဲ့ကစားသမားတွေကို ကစားကွက်အတိုင်း လိုက်ကစားနိုင်အောင် ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ အသင်းရဲ့စီနီယာကစားသမားတွေဟာ ရာသီအစ ရလဒ်တွေဆိုးရွားပြီးနောက်ပိုင်း ပြောစကားနားမထောင်တော့ဘူးလို့ သိရပါတယ်။

ဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ Hairdryer နည်းဗျူဟာကို အသုံးပြုဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အသင်းရဲ့ကစားသမားအများစုက နည်းပြရဲ့ မဟာဗျူဟာက ဘာလဲဆိုတာကို မသိတဲ့အတွက် စိတ်ရှုပ်ထွေးနေကြတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေက ဆိုးလ်ရှားရဲ့ တန်ပြန်တိုက်စစ်ကို ကစားကွက်ကို လျင်လျင်မြန်မြန် ဖျက်ဆီးပစ်နိုင်ခဲ့ပြီး နည်းပြဆိုးလ်ရှားကတော့ ပွဲစဉ်အတွင်း ကစားသမားတွေက ၎င်းရဲ့ ပွဲဗျူဟာကို လစ်လျူရှုခဲ့ကြတယ်လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က