BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

အိုလီဂန်နာဆိုးလ်ရှားဟာ သူ့လက်ထက်မှာလည်း မော်ရင်ဟိုရဲ့ ကစားဟန်ဖြစ်တဲ့ ဘတ်စ်ကားကွက်ကိုပဲ အသုံးပြုနေတယ်လို့ နည်းပြဟောင်း ဗန်ဂါးလ်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ BBC နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ဗန်ဂါးလ်က အသင်းဟောင်းနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်ခဲ့ရာမှာ ထည့်သွင်းပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။


နော်ဝေလူမျိုးနည်းပြ ဆိုးလ်ရှားဟာ သူ့လက်ထက်မှာ ယူနိုက်တက်ကို (၁၉)ပွဲ ကိုင်တွယ်ပေးထားပြီး (၁၄)ပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်ပေးထားသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗန်ဂါးလ်က ဆိုးလ်ရှားကို မော်ရင်ဟိုနည်းတူ အသင်းကို ကိုင်တွယ်နေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပြီးတော့ ဆိုးလ်ရှားက အသင်းအတွက် ဖျော်ဖြေမှုဆန်တဲ့ ကစားဟန်ကို သယ်ဆောင်လာတယ်ဆိုတာကိုလည်း ငြင်းဆန်သွားခဲ့ပါတယ်။



"ကျွန်တော် ယူနိုက်တက်က ထွက်ခွာခဲ့ပြီးနောက် မော်ရင်ဟို ရောက်ရှိလာပြီး သူက အသင်းကို ဘတ်စ်ကားကွက်နည်းစနစ်နဲ့ တန်ပြန်တိုက်စစ်ကို အသုံးပြုကစားခဲ့တာပါ၊ အခု နောက်ထပ်နည်းပြတစ်ဦးကလည်း ဘတ်စ်ကားကွက်ကိုပဲ အသုံးပြုနေသလို တန်ပြန်တိုက်စစ်နဲ့ပဲ ကစားနေတာပါ" လို့ ဗန်ဂါးလ်က ပြောဆိုသွားခဲ့ပါတယ်။

"သူတို့နှစ်ဦးကြားမှာ အဓိကကွာခြားသွားတာကတော့ ဆိုးလ်ရှားက နိုင်ပွဲတွေ ရနေတာပါပဲ၊ ကျွန်တော်အဲဒီမှာ မရှိတော့ပါဘူး၊ ဒါပေမယ့် သူတို့က အသင်းကို ပြောင်းလဲဖို့ လုပ်နေပြီး ပိုကောင်းလာပုံလည်း ရပါတယ်၊ ဒါက အမှန်ပါပဲ၊ ပေါ့ဂ်ဘာကိုဆိုရင် ဆိုးလ်ရှားက ပြောင်းလဲပေးနိုင်ခဲ့ပြီး တိုက်စစ်ကို လိုက်ပါကစားဖို့ တွန်းအားပေးနိုင်ခဲ့ပါတယ်၊ အဲဒီနေရာအတွက် ပေါ့ဂ်ဘာက အရမ်းအရေးကြီးပါတယ်"

"ဒါပေမယ့် ယူနိုက်တက်က ဖာဂူဆန်လက်ထက်ကလို ကစားနေတာတော့ မဟုတ်ပါဘူး၊ ခံစစ်ကိုအားပြုပြီး တန်ပြန်တိုက်စစ်နဲ့ ကစားနေတာပါ၊ ဒါကို ခင်ဗျားသဘောကျတယ်ဆိုရင်တော့ သဘောကျတယ်ပေါ့၊ ပြီးတော့ ကျွန်တော့်ရဲ့ ပျင်းစရာကောင်းတဲ့ တိုက်စစ်ကစားပုံထက် ပိုကောင်းတယ်လို့လည်း ခင်ဗျားတွေးနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး"


"ဆိုးလ်ရှားလက်ထက်မှာ အသင်းက နှစ်ပွဲပဲ အရေးနိမ့်ထားခဲ့ပါတယ်၊ ဒါက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးပါတယ်၊ ဒါပေမယ့် သူတို့တွေ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့က ခံစစ်ကိုအားပြုကစားနေတာဖြစ်ပြီး သူတို့ကို အနိုင်ယူဖို့က ခက်ခဲလို့ပါပဲ" လို့ ဗန်ဂါးလ်က ပြောသွားခဲ့ပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က