မန်ယူအသင်းကို ကိုင်တွယ်ပြီး ၁၀ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

မိမိအပါအဝင် တစ်သင်းလုံးကို ကူညီပေးသလို အဓိကကတော့ မန်ယူအသင်းအကြောင်း ခရေစေ့တွင်းကျ အကုန်သိရှိလို့သာ အခုလို အောင်မြင်နေတာ ဖြစ်တယ်လို့ ပေါ့ဂ်ဘာက ပြောခဲ့တာပါ။

မန်ယူအသင်းရဲ့ ယာယီနည်းပြ ဖြစ်လာခဲ့တဲ့ ဆိုးလ်ရှားအနေနဲ့ အသင်းကို ပျော်ရွှင်မှုတွေ ယူလာပေးသလို ကျွန်တော့်ကိုလည်း များစွာ ကူညီမှုတွေ ပေးခဲ့တဲ့အတွက် အခုလို အသင်းမှာ အောင်မြင်နေရတာ ဖြစ်တယ်လို့ ပေါ့ဂ်ဘာက The Sun သတင်းဌာနကို ပြောသွားပါတယ်။

“ သူကျွန်တော့်ကို အများကြီးကူညီတယ်၊ ကျွန်တော့်တစ်ယောက်တည်းတင်မဟုတ်ပါဘူး၊အားလုံးကို ကူညီတာ ပါ၊ သူက အားလုံးအတွက်ပျော်ရွှင်မှုတွေ ယူလာပေးသူပါ။” လို့ ပေါ့ဂ်ဘာက ပြောခဲ့တာပါ။

ဒါ့အပြင် မန်ယူကစားသမားဟောင်းလည်း ဖြစ်သူ ဆိုးလ်ရှားအနေနဲ့ မန်ယူအသင်းရဲ့ သဘောသဘာဝကို ကောင်းစွာနားလည်ပြီး ကလပ်အသင်းအကြောင်းလည်း ခရေစေ့တွင်းကျ အကုန်နားလည် သိမြင်နိုင်တဲ့သူလို့ ပေါ့ဂ်ဘာက ဆက်လက်ပြောခဲ့ပါသေးတယ်။

“ကျွန်တော်တို့ ဘာလိုချင်လဲ သူသိတယ်၊ရာသီစကတည်းက အရမ်းကြိုးစားခဲ့ကြတာပါ။ကျွန်တော်တို့မှာ ရည်မှန်းချက်ကြီးကြီးမားမားရှိတယ်၊ အခု အဲ့ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ပြန်လာနိုင်ပါပြီ။ အကုန်လုံးတော့ မဟုတ်သေးဘူး၊ ဒီအခြေအနေကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်ဖို့ လိုပါတယ်။” လို့ ပေါ့ဂ်ဘာက ပြောသွားပါတယ်။

ဆိုးလ်ရှားက မော်ရင်ဟိုနေရာအစားဝင်လာသူဖြစ်ပြီး မော်ရင်ဟိုလက်ထက်က အသင်းမှာ ပုံမှန်နေရာမရ ဖြစ်နေခဲ့တဲ့ ပေါ့ဂ်ဘာကို အကောင်းဆုံး ပြန်လည်အသုံးချနိုင်ခဲ့တာကြောင့် ပေါ့ဂ်ဘာအနေနဲ့ နောက်ဆုံး ကစား ထားတဲ့ လေးပွဲမှာ သုံးဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။

မန်ယူအသင်းလည်း နောက်ဆုံး ၁၂ ပွဲမှာ ၁၀ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ပြီး ရလဒ်ကောင်းကို ပြန်လည် ပြသနိုင်ခဲ့ပါတယ်။ ဒီကနေ့ည မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၀၀ နာရီမှာတော့ ချဲလ်ဆီးအသင်းနဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ကစားဖို့ ရှိပါတယ်။

Share

Loading Next Article...
က္က