လူကာကူဟာ အင်တာမီလန်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၈၀၀၀၀ ရရှိမယ်လိုု့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး လူကာကူဟာ ယခုနွေရာသီမှာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရရှိခဲ့ပြီလို့ Express ရဲ့သတင်းအရ သိရပါတယ်။

The Sun ရဲ့ဖော်ပြချက်အရ လူကာကူဟာ အင်တာမီလန်အသင်းကို အပြီးသတ်မပြောင်းရွှေ့မီမှာ တစ်ပတ်လုပ်ခလစာ ပေါင် ၁၈၀၀၀၀ နဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့တာဖြစ်တယ်လို့ သိရပြီး ပြောင်းရွှေ့ကြေးဟာ ပေါင် ၇၅ သန်းဖြစ်တယ်လို့ သိရပါတယ်။



မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၁၇ ခုနှစ်မှာ လူကာကူကို အဲဗာတန်အသင်းကနေ ပေါင် ၇၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လူကာကူက ၎င်းရဲ့ကစားသမားဘဝကို အင်တာမီလန်နည်းပြကွန်တီရဲ့လက်အောက်မှာ ပြန်လည်အသက်သွင်းနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

တကယ်လို့ အပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းအတွက် စီးပွားရေးအရ ကောင်းမွန်တဲ့အရာဖြစ်လာလိမ့်မယ်လို့ TalkSport ရဲ့အားကစားအစီအစဉ်တင်ဆက်သူ ဘန်ဖလက်ချာက ပြောကြားခဲ့ပါတယ်။

“လူကာကူဟာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၈ သောင်းနဲ့ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်”

“ဒါက မန်ချက်စတာယူနိုက်တက်အသင်းအတွက် အရမ်းကောင်းတဲ့အပြောင်းအရွှေ့သဘောတူညီမှုပါ”

“ဒီကစားသမားအတွက် ပေါင် ၇၅ သန်း ပေးခဲ့တာသာ မှန်လို့ရှိရင် သူတို့အတွက် လုံးဝအထင်ကြီးစရာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လက မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ လာမယ့်ရာသီမှာ လူကာကူအနေနဲ့ ရက်ရှ်ဖို့ဒ်ရဲ့နောက် ဒုတိယပွဲထွက်ကစားသမားအဖြစ် ကစားရမယ်လို့ ပြောကြားခဲ့ပြီးနောက် လူကာူဟာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က