ထိုင်းနိုင်ငံမှာ ယခုနှစ်နဲ့ လာမယ်နှစ်ကုန်အတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ အနည်းဆုံး ၄၀၀,၀၀၀ ရှိလာနိုင်ကြောင်း ခန့်မှန်ထားတယ်လို့ Communicable Disease Division အကြီးအကဲ ဒေါက်တာ Sophon Iamsirithavorn က ပြောကြောင်း Bangkok Post သတင်းမှာ မတ်လ ၁၈ ရက်နေ့က ဖော်ပြထားပါတယ်။
(Photo: Bangkok Post)
ဗိုင်းရပ်စ်ကူးစက်မှုဟာ လာမယ့် ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီကြား အေးတဲ့ရာသီကာလမှာ အမြင့်ဆုံး ဖြစ်လာနိုင်ကြောင်းလည်း ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။ "ဒီ ကြိုတင်ခန့်မှန်းချက်အတိုင်းဆိုရင် ကျွန်တော်တို့ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ပြီး ကုသမှုတွေလုပ်ဆောင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ပြည်သူလူထုထံက အနီးကပ် ပူးပေါင်းဆောင်ရွက်မှုရှိသရွေ့ ဒီဗိုင်းရပ်စ်ကူးစက်မှုက တစ်သန်းမကျော်ဘူးလို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" လို့ ဒေါက်တာ Sophon Iamsirithavorn က ပြောပါတယ်။
ထိုင်းနိုင်ငံ Communicable Disease Division က ပြုလုပ်ခဲ့တဲ့ အကောင်းဆုံးအခြေအနေအဖြစ် ခန့်မှန်းဖော်ပြချက်ဟာ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံ လူနာတစ်ဦးကနေ နောက်ထပ် လူနာအသစ် ၁.၆ ဦးကို ရောဂါကူးစက်စေမယ်ဆိုတဲ့ ကူးစက်မှုနှုန်း ယူဆချက်အပေါ် အခြေခံတွက်ချက်ထားတာ ဖြစ်ပါတယ်။
(Photo: Bangkok Post)
အဆိုပါ ခန့်မှန်းတွက်ချက်မှုအရ လာမယ့် ၂၀၂၁ ခုနှစ် နှစ်ကုန်မှာ ဗိုင်းရပ်စ်ကူးစက်ခံသူ အနည်းဆုံး ၄၀၀,၀၀၀ ရှိလာမယ်လို့ အဖြေထွက်ကြောင်း သိရပါတယ်။ ထိုအခြေအနေမှာ COVID-19 ဗိုင်းရပ်စ်ဟာ နိုင်ငံအလိုက်ဖြစ်ပွားလေ့ရှိတဲ့အဆင့် ဖြစ်လာပြီး တုပ်ကွေးကဲ့သို့ ရာသီအလိုက်ဖြစ်ပွားတဲ့ ရောဂါဖြစ်လာမယ်လို့ ဆိုပါတယ်။
(Photo: Bangkok Post)
Communicable Disease Division ရဲ့ ဒုတိယ ခန့်မှန်းချက်မှာတော့ COVID-19 လူနာတစ်ဦးကနေ နောက်ထပ် ကူးစက်ပျံ့နှံ့မှုနှုန်း ၁.၈ ဖြင့် တွက်ချက်ထားပြီး ထိုတွက်ချက်မှုအရ ၂၀၂၁ နှစ်ကုန်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉.၉ သန်းအထိ ရှိလာမယ်လို့ ဆိုပါတယ်။
တတိယနဲ့ အဆိုးဆုံးအခြေအနေအဖြစ် ခန့်မှန်းချက်မှာတော့ ဗိုင်းရပ်စ်ရှိသူတစ်ဦးကနေ နောက်ထပ် ကူးစက်ပျံ့နှံ့မှုနှုန်းကို ၂.၂ ဖြင့် တွက်ချက်ထားပြီး လူဦရေ ၃၇.၄ သန်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိလာမယ်လို့ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ထိုပမာဏဟာ ထိုင်းနိုင်ငံ လူဦရေရဲ့ ထက်ဝက်ကျော်လည်း ဖြစ်နေပါတယ်။ Communicable Disease Division ရဲ့ ခန့်မှန်းတွက်ချက်မှု တစ်ခုစီမှာ ရောဂါပြင်းထန်ပြီး သေရေးရှင်ရေးဖြစ်မှု ၅ ရာခိုင်နှုန်းနဲ့ သေဆုံးမှုနှုန်း ၂ ရာခိုင်နှုန်းအောက် ဖြစ်တယ်လို့ ပြောထားပါတယ်။
(P
hoto: Reuters)
ယခု ခန့်မှန်းချက်တွေအရ ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်တွေမှုဟာ ၂ နှစ်အထိ ကြာမြင့်နေနိုင်တာလည်း ဖြစ်ပါတယ်။ မတ်လ ၁၈ ရက် ညပိုင်းအထိ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁၂ ဦး စစ်ဆေးတွေ့ရှိထားပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။ ထိုင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူတွေအနက် ၃၄ ဦး ပြန်လည်သက်သာလာခဲ့ကြောင်း သိရပါတယ်။
အ
ာဆီယံဒေသတွင်းမှာ ယခု ရက်ပိုင်းအတွင်း ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း သိသိသာသာ မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။ မတ်လ ၁၈ ရက် ညပိုင်းအထိ တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အာဆီယံဒေသတွင်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၉၂၆ ဦးနဲ့ သေဆုံးသူ ၃၉ ဦး ရှိလာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာတော့ မတ်လ ၁၈ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၈,၃၈၃ ဦးရှိပြီး ၈,၆၉၄ ဦး သေဆုံးခဲ့ပါတယ်။