ရဲတပ်ဖွဲ့က သေနတ်သမားကို ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုင်းနိုင်ငံ နွန်သာဘူရီမြို့ရှိ ဈေးဝယ်စင်တာတစ်ခုမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

(Central Plaza Rattanathibet ပစ်ခတ်မှုမှ သေနတ်သမား) (Photo: The Pattaya News)

ယနေ့ (ဖေဖေါ်ဝါရီ ၂၇ ရက်) မွန်းလွဲ ၄ နာရီဝန်းကျင်က နွန်သာဘူရီမြို့ Muang အရပ်ရှိ Central Plaza Rattanathibet ဈေးဝယ်စင်တာမှာ ထိုင်းအမျိုးသားတစ်ဦးက ၎င်းရဲ့ဇနီးကို သေနတ်ဖြင့်ပစ်ခတ်ခဲ့တယ်လို့ ထိုင်းသတင်းဌာနက The Pattaya News က ဖော်ပြပါတယ်။ ထိုင်းအမျိုးသားက သေနတ်ဖြင့် အနည်းဆုံး လေးချက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ၎င်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။



ပစ်ခတ်ခံရပြီး ဒဏ်ရာရသွားတဲ့ အမျိုးသမီးကို ဒေသခံဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း The Pattaya News က ပြောပါတယ်။ Bangkok Post သတင်းမှာ ဖော်ပြမှုအရတော့ ရဲတပ်ဖွဲ့က သေနတ်သမားကို ဖမ်းဆီးခဲ့ကြောင်းနဲ့ သေဆုံးဒဏ်ရာရမှု သတင်းများမကြားသိရသေးဘူးလို့ ဆိုပါတယ်။

(Map: Google Maps) 

လတ်တလောဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံမှ ပစ်ခတ်မှုများ

ဖေဖေါ်ဝါရီ ၁၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Victory ကျောက်တိုင်အနီးရှိ Century The Movie Plaza ဈေးဝယ်စင်တာမှာ သေနတ်သမားတစ်ဦးက စတုတ္တထပ်ရှိ အလှပြင်ဆိုင်မှာ အလုပ်လုပ်ကိုင်တဲ့ ၎င်းရဲ့ဇနီးဟောင်းကို ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ Century The Movie Plaza ဈေးဝယ်စင်တာ ပစ်ခတ်မှုမှာ သေနတ်သမားရဲ့ ဇနီးဟောင်း သေဆုံးပြီး အနီးအနားမှာရှိနေခဲ့သူတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။ ထိုဖြစ်ရပ်မှာ ထွက်ပြေးသွားခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် Danusorn Numcharoen အမည်ရှိ သေနတ်သမားကို ရဲတပ်ဖွဲ့က ဖေဖေါ်ဝါရီ ၁၉ ရက် မနက်အစောပိုင်းမှာ ဖမ်းဆီးရမိခဲ့ပါတယ်။

(ဖေဖေါ်ဝါရီ ၁၈ ရက် ပစ်ခတ်မှုမှ ဖမ်းဆီးရမိတဲ့ သေနတ်သမား) (Photo: Bangkok Post)

ထိုင်းနိုင်ငံ Nakhon Ratchasima မြို့မှာလည်း ဖေဖေါ်ဝါရီ ၈ ရက်နေ့က ထိုင်းစစ်သားတစ်ဦးက ပစ်ခတ်မှုကြောင့် လူ ၂၉ ဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ လူအစုအပြုံလိုက်ကို ပစ်ခတ်ခဲ့တဲ့ အဆိုပါ စစ်သားကို Nakhon Ratchasima မြို့ရှိ Terminal 21 ဈေးဝယ်စင်တာအတွင်း ခိုအောင်းနေခဲ့ရာ ထိုင်းကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး အသေပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

(လတ်တလော သတင်းဖြစ်ရပ်ဖြစ်ပြီး အချက်အလက်အပြောင်းနဲ့ နောက်ဆက်တွဲများရှိလာနိုင်ပါတယ်)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က