ပရိသတ်တွေနဲ့လည်း တွေ့ဆုံသွားဦးမှာပါ။

ပရိသတ်အားပေးမှု တစ်ခဲနက် ရရှိခဲ့တဲ့ လိပ်ပြာစံအိမ်ရုပ်ရှင်ကားကြီးကိုတော့ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံ ၂ နိုင်ငံမှာ သွားရောက်ပြသမယ်လို့ သိရပါတယ်။ သရုပ်ဆောင် ဒေါင်းနဲ့ ဝတ်မှုန်ရွှေရည်တို့ကလည်း ထိုင်းနိုင်ငံက ပရိသတ်တွေနဲ့ မတ်လ ၃၁ ရရက်နေ့မှာ တွေ့ဆုံသွားမှာပါတဲ့။

Photo: The Only Mom


လိပ်ပြာစံအိမ်’’ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မေလ ၂၉ ရက်နေ့ကစပြီး ဗီယက်နမ်နိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ အဲဒီနောက် ဧပြီလ ပထမပတ်မှာတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားဦးမှာဖြစ်ပါတယ်။

‘’ The Only Mom will be in Vietnam on this 29th March! Vietnam မှာလည်း March 29 ကစပြီး The Only Mom ဇာတ်ကားကြီးကို ရုံတင်ပြသပါတော့ မယ်လို့’’ ဆိုပြီးတော့ မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၁၈ မိနစ်က ဝတ်မှုန်ရွှေရည်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။

Photo: The Only Mom

အဲဒီနောက် အဓိက သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဒေါင်းနဲ့ ဝတ်မှုန်ရွှေရည်တို့ဟာ မတ်လ ၃၁ ရက်နေ့မှာတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ပရိသတ်တွေနဲ့ အတူ နေ့လယ် တစ်နာရီ စင်ထရယ်မဟာချိုင်မှာ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။ ညနေ ၄ နာရီမှာတော့ SF ဒမောဘန်ကပိ မှာ တွေ့ဆုံဦးမှာပါတဲ့။ နောက်ထပ်လည်း ည ၇ နာရီအချိန် SF ဗစ်စီဘန်ဖီ

မှာ ထပ်မံတွေ့ဆုံသွားဦးမယ်လို့ လိပ်ပြာစံအိမ် ဖြေစ်ဘွတ်ပေ့ချ် မှာ မတ်လ ၂၇ ရက်နေ့ ည ၇ နာရီခွဲမှာ ရေးသားထားတာ တွေ့ရပါတယ်။

Photo: The Only Mom

ိပ်ပြာစံအိမ်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့  ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ရုပ်ရှင်ရုံနေရာတွေမှာ ဧပြီလ ၇ ရက်နေ့က စပြီး ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားဟာ မြန်မာနိုင်ငံမှာလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး ရုံတင်ပြသခဲ့တာပါ။ စတင်ပြသပြီးတဲ့ရက် ၉ ရက်အတွင်းမှာ ဝင်ငွေ သိန်းတစ်သောင်းအထိ စံချိန်တင်ခဲ့တာကို တွေ့ရပါတယ်။ အခုချိန်ထိလည်း JCGV ရုပ်ရှင်ရုံတွေ၊ Mega ACE ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတုန်းပါပဲ။

Photo: The Only Mom

ယင်းရုပ်ရှင်ဇာတ်ကားကို “From Bangkok to Mandalay “ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထားတဲ့ ထိုင်းဒါရိုက်တာက ပုံဖော်ထားတာ ဖြစ်ပြီး နိုင်းနိုင်း၊ ဝတ်မှုံရွှေရည်၊ ဒေါင်းနဲ့ ကလေးသရုပ်ဆောင်တွေ ဖြစ်တဲ့ ပြည့်ပြည့်၊ တုန်တုန်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားကြီးကို ရေနံချောင်းမြို့ ကိုလိုနီခေတ်အိမ်အိုကြီးတစ်လုံးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က