ကျွန်တော်တို့ကို အထင်လွဲခဲ့တဲ့ ပရိသတ်တွေလည်းရှိတယ်။

မင်းထက်နဲ့ စိုးနန္ဒာကျော်တို့ဟာ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေ ရှင်းသွားမှသာ ရင်သွေးလေးယူမယ်လို့ ပြောပါတယ်။ အမှန်တရားကိုလည်း ကိုယ်တိုင်ဖွင့်ပြောလာမယ့် အချိန်ကို စောင့်ပေးပါတဲ့။

Photo: Soe Nandar Kyaw



သရုပ်ဆောင် မင်းထက်နဲ့ ဇနီးချောလေး သရုပ်ဆောင် စိုးနန္ဒာကျော်တို့ရဲ့ အိမ်ထောင်ရေးကတော့ ၁ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ သူတို့ဟာ ကိုယ်ရေးကိုယ်တာ ပြႆနာတွေ ရင်ဆိုင်နေရတာကြောင့် ရင်သွေးလေး မယူဖြစ်သေးဘူးလို့ မင်းထက်က မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ကလေးယူဖို့ကတော့ ၂ နှစ်ခွဲလောက်ကြာမှ ယူဖြစ်မှာပါ။ အခုချိန်မှာ ကျွန်တော်တို့ကို အမြင်မကြည်တဲ့သူတွေလည်းရှိသေးတယ်။ အခု တစ်နှစ်လောက်က ပြဿနာတွေကြားထဲမှာ ကျွန်တော်တို့အထင်လွဲခဲ့တဲ့ ပရိသတ်တွေလည်းရှိပါတယ်။ ဒါကြောင့် အားလုံးလည်း ငြိမ်သွားပြီ၊ ကျွန်တော်တို့လည်း အရှိန်လေး နည်းနည်းပြန်ရလာပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ မျိုးဆက်ကလေးကို ယူမှာပါ။ ဘယ်အရာပဲဖြစ်ဖြစ် အချိန်တစ်ခုတော့ လိုအပ်မယ်ထင်ပါတယ်”လို့ သူကဆိုပါတယ်။

Photo: Soe Nandar Kyaw

သရုပ်ဆောင် စိုးနန္ဒာကျော်ကလည်း အခုလက်ရှိမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ပြဿနာလေးတွေအကြောင်း ပြောပြလာပါတယ်။ အမှန်တရားအတိုင်းပဲ ဆောင်ရွက်သွားမယ်လို့ သူကဆိုပါတယ်။

“ ဖြစ်နေတဲ့အရာတွေကို ကာယကံရှင်က လွဲပြီးတော့ အပြင်လူတွေ ဘယ်လောက်ပဲသိတယ်ပြောပြော ကာယကံရှင်တွေလောက် မသိဘူးပေါ့နော်။ အမှန်တရားသည် အမှန်တရားဘက်မှာပဲရှိပြီးသား။ အဲဒီအတွက် ဒီကိစ္စကို ပြောနေဖို့မလိုဘူး။ အမှန်တရားဆိုတာ ဘာလဲလို့ ချပြနိုင်ပြီးရင်တော့ ညီမတို့ကိုယ်တိုင် ပြောပြပါမယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့ညက သရုပ်ဆောင် ပိုးကြာဖြူခင်ရဲ့ မွေးနေ့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Soe Nandar Kyaw

စိုးနန္ဒာကျော်ရဲ့ ခင်ပွန်းဖြစ်သူ မင်းထက်ဟာ ၂၀၁၈ ခုနှစ် စက်တင်ဘာလ အတွင်းက မနှင်းအိရွှေရည်ရဲ့ တရားစွဲဆိုခြင်းကို ခံခဲ့ရပါတယ်။ တရားစွဲဆိုခဲ့တဲ့အကြောင်းအရာကလည်း ပုဒ်မ ၄၁၇ ၊ ကာမလိမ်လည်မှုနဲ့ ဖြစ်ပါတယ်။ ဒီလို ပြသနာတွေကြောင့် ပရိသတ်များစွာတို့ရဲ့ ဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့ချစ်တဲ့ အနုပညာအလုပ်တွေကို စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“ တိုက်ခိုက်တယ်ဆိုတာကလည်း အကြောင်းမသိတဲ့ သူတွေ တိုက်ခိုက်တာလောက်ပဲရှိတာပါ။ ဒီလောက်နဲ့တော့ ကျွန်တော်ုတို့ ရူးသွပ်တဲ့ အရာတစ်ခုကို စွန့်ခွာသွားမှာ မဟုတ်ပါဘူး။ အခုလည်း အချိန်တစ်ခု ကြာလာတဲ့အခါမှာ ကျွန်တော်တို့ ပရိသတ်တွေလည်း ပြန်ပြီးတော့ အားပေးလာကြတယ်။ ချစ်တဲ့သူတွေလည်း အနားကို ပြန်ရောက်လာကြတယ်ဆိုတော့ အထွေအထူး မရှိပါဘူး” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Soe Nandar Kyaw

သရုပ်ဆောင် မင်းထက်နဲ့ သရုပ်ဆောင် စိုးနန္ဒာကျော်တို့ဟာ လက်ရှိမှာလည်း ခိုင်မာတဲ့ အိမ်ထောင်ရေး တစ်ခုကို တည်ဆောက်ထားကြတာဖြစ်ပါတယ်။ မင်းထက်ကိုတော့ အက်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာကြတာပါ။ စိုးနန္ဒာကျော်ကိုတော့ မြတ်နိုးခင်ဆိုတဲ့ ကောင်မလေး ဇာတ်ရုပ်နဲ့ Sing Of Love ရုပ်သံဇာတ်လမ်းတွဲကနေတဆင့် ပရိသတ် စသိခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ ဇနီးမောင်နှံနှစ်ယောက် အတူတွဲပြီး နယ်ဖျော်ဖြေရေးတွေ သီဆိုနေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က