Kanchanaburi မြို့ကို သွားခဲ့တဲ့ အမှတ်တရတွေ ပြောလာပါတယ်။

ပိုင်တံခွန်ရဲ့ လက်ဗွေယာလေးကိုတော့ ထိုင်းနိုင်ငံရဲ့ Kanchanaburi မြို့က ပြတိုက်ထဲမှာ သိမ်းထားတယ်လို့ ဆိုပါတယ်။ သူ့အတွက်တော့ Kanchanaburi ခရီးစဉ်ဟာ အမှတ်တရအဖြစ်ဆုံး ခရီးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Photo: Paing Takon



အောင်မြင်မှုတွေရရှိလာတဲ့ လူငယ်အနုပညာရှင်တွေထဲကမှ ပိုင်တံခွန်ရဲ့ အောင်မြင်မှုကတော့ အံ့မခန်းလောက်အောင်ပါပဲ။ သူဟာ ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်မြို့တော်အဖြစ် တည်ထောင်မယ့် Kanchanaburi မြို့မှာ သူ့ရဲ့ လက်ဗွေယာလေးတွေကို မှတ်တမ်းတင်ခဲ့နိုင်လို့ ဝမ်းသာမိခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ထိုင်းရုပ်ရှင်ပွဲတော်အတွက် သူတု့ိက လှမ်းဖိတ်တယ်။ ကိုယ့်ကို ပိုပြီးတော့ အလေးထားဆက်ဆံတယ်။ ပြီးတော့ လက်ဗွေရာကလည်း Kanchanaburi မြို့က ကျွန်တော်သိခဲ့သလောက် နောက်ပိုင်းကျရင် ရုပ်ရှင်ဇာတ်ကားတွေ အဓိက ရိုက်လို့ရတဲ့နေရာ ဟောလိဝုဒ်လို ပုံစံမျိုး တည်ထောင်မှာဖြစ်တဲ့အတွက် သူတို့နိုင်ငံကိုလာတဲ့ Super Star တွေရဲ့ လက်ဗွေယာလေးတွေကို ယူပြီးတော့ သူတို့ရဲ့ ပြတိုက်ထဲမှာ ထိန်းသိမ်းထားတယ်ပေါ့” လို့ သူကဆိုပါတယ်။

Photo: Paing Takon

ပိုင်တံခွန်ဟာ မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံတွေမှာပါ အောင်မြင်မှုရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့အတွက် အမှတ်တရတွေအများကြီးဖြစ်စေခဲ့တဲ့ ပြည်ပ ခရီးစဉ်ကတော့ ထိုင်းနိုင်ငံက Kanchanaburi မြို့ဖြစ်တယ်လို့ “ပြည့်စုံသျှင်” ရွှေဆိုင်ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။

“အမှန်အတိုင်းပြောရရင်တော့ ပြည်ပခရီးတွေ သွားခဲ့တဲ့ တောက်လျှောက်မှာ Kanchanaburi မြို့ကတော့ ကျွန်တော့်အတွက် တကယ်အမှတ်တရဖြစ်တဲ့မြို့လေ။ ပြီးတော့ ကျွန်တော်လေဆိပ်ကိုစရောက်ကတည်းက လုံခြုံရေးအများစုနဲ့သွားရတယ်။ ဘယ်ဆိုင်သွားသွား ကျွန်တော့မျက်နှာနဲ့ Board လေးတွေထောင်ထားပြီးတော့ Kanchanaburi မြို့က ကြိုဆိုပါတယ်လို့မြင်တော့ အရမ်းပျော်တယ်”လို့ ဆိုပါတယ်။

Photo: Paing Takon

Kanchanaburi မြို့ဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ကြားက အနီးစပ်ဆုံး မြို့တစ်မြို့ဖြစ်တယ်လို့ သိရပါတယ်။ ပိုင်တံခွန်ရဲ့ Kanchanaburi ခရီးစဉ်ကတော့ မြန်မာပရိသတ်နဲ့ရော ၊ ထိုင်းနိုင်ငံက ပရိသတ်တွေနဲ့ပါ တိုက်ရိုက်တွေ့ဆုံခဲ့ရတယ်လို့ ဆိုပါတယ်။

“ ပရိသတ်တွေလည်း အများကြီးရှိတယ်။ ဟိုးဘန်ကောက်ကနေပြီးတော့ Kanchanaburi ကိုဆင်းလာကြတယ်။ အဲဒီမှာ Board လေးတွေနဲ့ တွေ့တော့ အရမ်းဝမ်းသာတယ်။ မထင်ထားဘူးလေ။ ထိုင်းဘက်က ပရိသတ်တွေလည်းလာတယ်၊ မြန်မာနိုင်ငံအတွင်းက မော်လမြိုင်တို့၊ ဘိတ်တို့၊ ထားဝယ်တို့ဘက်ကလူတွေလည်း တက်လာတယ်။ Kanchanaburi က မော်လမြိုင်တို့၊ ထားဝယ်တို့နဲ့ နီးတယ်။ ၂ နာရီလောက် မောင်းရတယ်လို့ထင်တယ်” လို့လည်း သူကပြောပြခဲ့ပါတယ်။

Photo: Paing Takon

ပိုင်တံခွန်ရဲ့ အောင်မြင်မှုကတော့ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ ပရိသတ်အခိုင်အမာ ရရှိလာတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူဟာ သရုပ်ဆောင်အလုပ်မှာလည်း တဖြည်းဖြည်း ကြိုးစားလာတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က ဂီတဘက် ကိုလည်း ဝါသနာပါတာကြောင့် သူ့ရဲ့ တစ်ကိုယ်တော် Mini Album လေးဖြစ်တဲ့ ချစ်သူ ဆိုတဲ့ တေးစီးရီးကိုလည်း ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့ က ထွက်ရှိခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က