သရုပ်ဆောင် ပြေတီဦးတို့ဇနီးမောင်နှံ ကိုယ်တိုင် ဦးဆောင်ပြီး COVID-19 ကူးစက်ရောဂါအများဆုံးခံစားနေရတဲ့ ရခိုင်တိုင်းရင်းသားတွေ အတွက် ငွေကျပ် (၃၇)သိန်းကျော် တန်ဖိုးရှိ စားနပ်ရိက္ခာများ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
Photo:Eaindra Kyaw Zin
သရုပ်ဆောင် ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ Covid ကာလအတွင်းမှာ ပြေတီဦးဖောင်ဒေးရှင်းကနေတဆင့် အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း အလိုတော်ပြည့်ဆရာတော်ကနေတဆင့် ရခိုင်ပြည်နယ်အတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
" ပြေတီဦး ပညာရေးဖောင်ဒေးရှင်း မိသားစုတို့က - အိမ်ထောင်စု(၁၅၀)စုအတွက်(၃,၇၅၀,၀၀၀) သိန်းကျပ်ကို - ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေတဲ့ Covid-19 ကာလအတွင်း အခြေခံပြည်သူများအတွက် - အခြေခံစားသောက်ကုန်(၁၈)မျိုးပါဝင်တဲ့၊ တစ်ဗူးကိုတစ်အိမ်ထောင်အတွက် ကျပ် (၂၅.၀၀၀) တန်းဖို့ရှိပြီ။ အခြေခံပြည်သူများအတွက် - ဒီကနေ့ ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် အသျှင်ကုမာရ ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အလိုတော်ပြည့်ပါစေ" ဆိုပြီးတော့ စက်တင်ဘာလ (၆) ရက်နေ့ ညနေ (၃) နာရီခွဲကျော်က ဆရာတော်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားခဲ့တာပါ။
Photo:Eaindra Kyaw Zin
ပြေတီဦးဖောင်ဒေးရှင်းရဲ့ ကုသိုလ်အလှူအတွက် ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) နဲ့ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးဝင်းကြည်တို့က ပြေတီဦးတို့ ဇနီးမောင်နှံ ကိုယ်စား အလိုတော်ပြည့် ဆရာတော်ထံသို့ အလှူငွေများ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ဒီအလှူအတွက် သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကလည်း စက်တင်ဘာလ (၆) ရက်နေ့ ည ၇ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ပရိသတ်အတွက် ပြန်လည် မျှဝေခဲ့တာ တွေ့ရပါတယ်။
" ပြေတီဦးပညာရေးဖောင်ဒေးရှင်း”အဖွဲ့ဝင်များမှရခိုင်ပြည်နယ်ရှိ အိမ်ထောင်စု (၁၅၀)အတွက် Food Package ၃၇၅၀၀၀၀/-(သုံးဆယ့်ခုနှစ်သိန်းနှင့်ငါးသောင်းကျပ်တိတိ)ကို တာမွေအလိုတော်ပြည့်ကျောင်းမှ ဦးပဉ္ဇင်းဘီလူးထံလှူဒါန်းခဲ့ပါသည်။ ပြည်သူပြည်သားများအားလုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေ" လို့ ဆက်လက် ရေးသားထားပါတယ်။
Photo:Eaindra Kyaw Zin
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံဟာ ဧပြီလတုန်းကလည်း COVID-19 ကာလမှာ စားဝတ်နေရေးအခက်အခဲကြုံနေရတဲ့ ပရိသတ်တွေအတွက် We Love Yangon ကနေတဆင့် ငွေကျပ်(၁၀) သိန်းကို လှူဒါန်းခဲ့ပါသေးတယ်။ မေလ တုန်းကလည်း ဝါရင့်အနုပညာရှင်ကြီးတွေ ဖွဲ့စည်းထားတဲ့ အမေများ အဖွဲ့ အတွက်ကိုလည်း ငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့ပါသေးတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးကြသူတွေ ဖြစ်သလို လက်ရှိမှာလည်း ပြေတီဦးဟာ ပြေတီဦးဖောင်ဒေးရှင်း ကို ဦးဆောင်နေသူ ဖြစ်ပြီး အိန္ဒြာကျော်ဇင်ကတော့ ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို ဘေးကနေ လိုက်ပါဆောင်ရွက်ပေးနေတာကိုလည်း တွေ့ရပါတယ်။