လူနာက သံတွဲမြို့ကဖြစ်ပါတယ်။

ဒီကနေ့ ည ထပ်တိုးလူနာ နံပါတ် (၁၈၈) က ရခိုင်ပြည်နယ် သံတွဲမြို့နယ်ဖြစ်ပြီး ရခိုင်ပြည်နယ်ရဲ့ ပထမဆုံးလူနာလည်းဖြစ်ပါတယ်။ 

လူနာ နံပါတ်(၁၈၈)က အသက်(၃၅)နှစ်အရွယ် အမျိုးသားဖြစ်ပြီး မလေးရှားနိုင်ငံကို ခရီးသွားရာဇဝင်ရှိထားသူပါ။ ယခုရက်ပိုင်းအတွင်းတွေ့ရှိခဲ့တဲ့ ပိုးတွေ့လူနာအများစုက မလေးရှားပြန်တွေဖြစ်ပြီး ယခုလူနာ (၁၈၈)က မလေးရှားပြန်ထဲက (၇)ဦးမြောက်တွေ့ရှိခဲ့တဲ့လူနာပါ။



လူနာနံပါတ်(၁၈၈)ကို သံတွဲမြို့မှာပဲ အသွားအလာကန့်သတ်စောင့်ကြည့်နေစဉ်အတွင်းမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သံတွဲမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။ ဒီကနေ့ ည (၈)နာရီထုတ်ပြန်ချက်အရ စုစုပေါင်း ဓာတ်ခွဲနမူနာ (၃၅၈)ဦးကို စစ်ဆေးရာမှာ (၁)ဦးမှာရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ အတည်ပြုလူနာ (၁၈၈)ဦးရှိပြီး ယနေ့ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့သူ (၄)ဦးထပ်တိုးကာ ရောဂါပျောက်ကင်းသူ (၁၀၁)ဦး ရှိကာ (၈၈)ဦးကတော့ ဆေးရုံကဆင်းခွင့်ရရှိထားပါပြီ။ ဒီကနေ့ည ထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာတော့ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် (၁၃)ခုမှာ အတည်ပြုလူနာတွေတွေ့ရှိထားတာဖြစ်ပါတယ်။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က