CIMON bot လို့ခေါ်တဲ့ ဉာဏ်ရည်တု နည်းပညာပါဝင်တဲ့ မိုဘိုင်းအာကာသယာဉ်အကူစက်ရုပ်ဟာ သြဂုတ်လ ၂၇ ရက်နေ့က နိုင်ငံတကာ အာကာသစခန်း ISS ကနေ ကမ္ဘာမြေပေါ် ပြန်ရောက်လာပြီ ဖြစ်ပါတယ်။
ISS မှာ ၁၄ လကြာအောင် ရှိနေခဲ့တဲ့ CIMON bot ဟာ ဂျာမဏီနိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ စက်ရုပ်ဖြစ်ပြီး ကမ္ဘာမြေပေါ်ကိုတော့ SpaceX CRS-18 Dragon ယာဉ်နဲ့ဆင်းသက်ခဲ့တာပါ။ ယာဉ်မှူးတွေနဲ့အပြန်အလှန်အထောက်အကူပြုနိုင်တဲ့ မိုဘိုင်းအဖော်လို့အမည်ရတဲ့ CIMON bot စက်ရုပ်ဟာ ISS စခန်းမှာ နေထိုင်စဉ်အတွင်း အာကာသယာဉ်မှူးတွေကို မှတ်သားသိရှိခြင်းနဲ့အမိန့်ညွှန်ကြားချက်တွေ ပေးတာလိုမျိုး AI skills တွေကို သရုပ်ပြခဲ့ပါတယ်။
Photo: space
ဒီစက်ရုပ်ဟာ ဒုတိယမျိုးဆက် CIMON bot ဖြစ်ပြီး ပိုပြီး အားကောင်းတဲ့ ကွန်ပျူတာ ၊ အသံစနစ် ၊ အဆင့်မြင့် ပျံသန်းမှု ထိန်းချုပ်ခြင်း အပြင် အသံကို မှတ်သားပြီး အပြန်အလှန် စကားပြောဆိုရာမှာ ပိုပြီး တိုးတက်လာတယ်လို့Engadget က ဆိုပါတယ်။ CIMON bot တွေကို DLR အာကာသအဖွဲ့အစည်းအတွက် Airbus ကနေ တည်ဆောက်ထားတာ ဖြစ်ပြီး IBM ရဲ့ Watson AI နည်ပညာသုံးပြီး functions သစ်တွေ ထည့်ပေးတာပါ။
CIMON စက်ရုပ်ကို ပြီးခဲ့တဲ့နှစ် ဇွန် ၂၉ ရက်နေ့မှာ လွှင့်တင်ခဲ့ပြီး နိုင်ငံတကာ အာကာသစခန်းမှာ နည်းပညာသရုပ်ပြမှုတစ်ခုအဖြစ် ပြီးခဲ့တဲ့နှစ် ဇူလိုင် ၂ ရက်နေ့က ရောက်ရှိခဲ့တာပါ။ ဒီစက်ရုပ်ဟာ ဂျာမန်အာကာသယာဉ်မှူး အလက်ဇန်းဒါးဂါးစ်နဲ့တစ်ခြားအာကာသယာဉ် အမှုထမ်းတွေအတွက် အကူအဖြစ် ထမ်းဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
Photo: airbus
ကင်မရာများ ၊ အာရုံခံကိရိယာများ ၊ မိုက်ခရိုဖုန်းနဲ့processor တွေကနေ တစ်ဆင့် CIMON ဟာ အကာသာယာဉ်မှူးတွေကို မြင်နိုင်သလို သူတို့ပြောတာ ကြားနိုင် ၊ နားလည်နိုင်ပြီး စကားအပြန်အလှန်ပြောနိုင်တဲ့ စက်ရုပ်လည်း ဖြစ်ပါတယ်။ CIMON ဟာ သူ့ရဲ့ screen ပေါ်ကနေ ညွှန်ကြားချက်တွေ ထုတ်ပြန်ပေးနိုင်သလို သီချင်းဖွင့်ပေးတာ နဲ့ဓါတ်ပုံ ဗွီဒီယိုတွေ ပြသတာမျိုးလည်း လုပ်ဆောင်နိုင်ပါတယ်။
၂၀၁၈ ခုနှစ်မှာ CIMON ပရောဂျက်ဟာ အမေရိကန်ရဲ့ အာကာသအတွက် ၂၀၁၈ ခုနှစ် ရဲ့ ဆန်းသစ်မှုအရှိဆုံး ဆုအဖြစ် Popular Science Award ရခဲ့သလို Airbus ဟာလည်း German Innovation Award 2019 ဆုကို လုပ်ငန်းကြီးများကဏ္ဍမှ ပေးအပ်ခြင်း ခံခဲ့ရပါတယ်။