အားလုံးက အရမ်းကို စိတ်ဝင်စားခဲ့ကြတာပါတဲ့။

ဟန်တီကတော့ Incheon International Media Festival ပွဲမှာဝတ်ဆင်ခဲ့တဲ့ မြန်မာဝတ်စုံကို နိုင်ငံတကာက အနုပညာရှင်တွေ အရမ်းကို သဘောကျခဲ့တယ်လို့ဆိုပါတယ်။ ဒီပွဲကိုတော့ ထွန်းကိုကိုနဲ့အတူ တက်ရောက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

Photo: Han Thi



ဟန်တီကတော့ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Incheon International Media Festival ပွဲကြီးမှာ မြန်မာဝတ်စုံကို လူကြိုက်များခဲ့ကြတယ်လို့ဆိုပါတယ်။ နိုင်ငံခြားသားတော်တော်များများကလည်း ဒီမြန်မာဝတ်စုံကို အရမ်း စိတ်ဝင်စားတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ စင်ပေါ်တက်လိုက်တဲ့အချိန်မှာတော့ သူတို့ အကုန်လုံးက ဝါးခနဲဖြစ်ပြီး မျက်လုံးတွေ ပြူးပြီးကြည့်နေတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာဝတ်စုံကို သူတို့ ကြိုက်ကြတယ်။ မြန်မာဝတ်စုံဝတ်ပြီး ဘယ်လို လမ်းလျှောက်လဲ လို့တောင် လာမေးကြတယ်။ မြန်မာဝတ်စုံလေးက လက်မှုလေးနဲ့လည်း သေသေချာချာ ဒီလိုလေး လုပ်ထားတာပါလား ဆိုတာကိုလည်း သူတို့ သိသွားတယ်။ အဲဒီအတွက်လည်း အရမ်း ဂုဏ်ယူပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Han Thi

ဟန်တီနဲ့ ထွန်းကိုကို တို့ကတော့ မြန်မာနိုင်ငံ ကိုယ်စားပြု အနေနဲ့ Incheon International Media Festival ပွဲကြီးကို တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာ့အလယ်မှာ မြန်မာဆိုတာကို ထင်ဟပ်စေမယ့် စိတ်ဆန္ဒကြောင့် ရှေးခတ်က မြန်မာပုံစံကို ဝတ်ဆင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

‘’ဟန်တီတို့ နှစ်ယောက်က နိုင်ငံတကာက လူတွေကြားမှာ သွားလျှောက်ရမှာဖြစ်တဲ့အတွက်မြန်မာဆိုတဲ့ အငွေ့အသက်ကို လုံးဝ ပျောက်လို့မဖြစ်ဘူး။ ကြည့်လိုက်တာနဲ့ မြန်မာဆိုတာကို သိကို သိရမယ့် စိတ်တစ်ခုရှိတယ်။ အတူတူစဉ်းစားလိုက်တဲ့အခါမှာတော့ ရှေးခေတ်ဆန်ဆန်ဝတ်စုံလေးကို ဝတ်မယ်။ ဟန်တီကလည်း မြန်မာဆန်ဆန် ချိတ်ကိုမှ လှိုင်းတွေကအစ မြန်မာဆိုတာကို တန်းပြီးသိစေမယ့် ချိတ်မျိုးကို ဟန်တီ ရွေးချယ်ခဲ့တယ်။ ဆံထုံးက အစ အကုန်လုံး ဟန်တီရဲ့ နာမည်နဲ့ကို သေသေချာချာ ဒီဇိုင်းလုပ်သွားတာပေါ့နော်’’ ဆိုပြီးတော့ သြဂုတ်လ ၂၅ ရက်နေ့က Brand’s ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Han Thi

ဟန်တီက လက်ရှိမှာတော့ ကိုရီးယားနိုင်ငံမှာ အနုပညာအလုပ်တွေ စတင်လုပ်ကိုင်နေပြီလို့ သိရပါတယ်။ ကိုရီးယား မီဒီယာတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။

‘’ အခုလည်း Korean Media Festival ပွဲမှာ မီဒီယာအများကြီးနဲ့လည်း ဆက်သွယ်ခွင့်ရခဲ့တယ်။ ကိုရီးယားက အလုပ်တွေ ပိုရအောင်လို့လည်း ဒီဇိုင်နာတွေအများကြီးနဲ့ တွေ့ဆုံခဲ့တယ်။ ဟန်တီ့ အနေနဲ့ အလုပ်တွေ အများကြီးလုပ်လို့ရအောင်တော့ Meeting တွေ အများကြီး ထိုင်ခဲ့တယ်ပေါ့နော်။ ပြီးရင်တော့ ကိုရီးယားနဲ့တွဲပြီး အလုပ်တွေ ဆက်လုပ်သွားဦးမှာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Han thi

ဟန်တီဟာ ၂၀၁၆ခုနှစ်မှာ အမေရိကန်မှာရှိတဲ့ New York Film Academy မှာ Acting Associates Degree ကို တက်ရောက်သင်ယူခဲ့ပါတယ်။ ကျောင်းတက်ပြီး ပြန်လာပြီးနောက်မှာလည်း Miss Myanmar World 2018 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ထို့နောက် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ အဲဒီနောက် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ Asia Model Festival 2019 ပွဲကြီးမှာလည်း အကဲဖြတ် ဒိုင်တစ်ယောက်အဖြစ်သာမက Asia Star Award ဆုကိုပါ ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က