အဆင့် ၆၄ ချိတ်ခဲ့ပါတယ်။

နိုင်ငံပေါင်း ၁၅၆ နိုင်ငံမှ အသင်းပေါင်း ၁၆၁ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ မက္ကဆီကို ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲဝင် မြန်မာကျောင်းသား /ကျောင်းသူများအဖွဲ့ဟာ ရန်ကုန်မြို့ကို ပြန်ရောက်လာခဲ့ပြီလို့သိရပါတယ်။



37091430_837334853128257_8096102224423288832_n.jpg 

မြန်မာကိုယ်စားပြု စက်ရုပ်အသင်းဟာ ပြိုင်ပွဲ ၈ ပွဲကစားပြီးချိန်မှာ ၄ ပွဲနိုင် ၄ ပွဲရှုံးပြီး ၅၃၄၄ မှတ် ရခဲ့ကာ အဆင့် ၆၄ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ FIRST Global Robotics Challenge ပြိုင်ပွဲရဲ့ ယခုနှစ် အမှတ်ပေးမှုဟာ အသင်းအလိုက် အနိုင်ရရှိမှုကို အဓိကထား တွက်ချက်ခဲ့ပြီး ရမှတ်ကို ဒုတိယဦးစားပေးအဖြစ် သတ်မှတ်ခဲ့တာပါ။

ဒီနှစ် FIRST Global စက်ရုပ်ပြိုင်ပွဲမှာ Winner Alliance အဖြစ် ရိုမေးနီးယား၊ စကာၤပူနဲ့ဂျာမဏီတို့အဖွဲ့က ရရှိခဲ့ပြီး Finalist  Alliance ဆုအဖြစ် 1st Runner up ဆုကို မော်လ်ဒိုက်ဗ် ၊ အိုက်စ်လန် နဲ့ကိုလံဘီယာ ၊ 2nd Runner Up ကို ယူကေ ၊ ဂျော်ဂျီယာ နဲ့ကာတာတို့မှ ရရှိခဲ့ပါတယ်။ Grand Challenge ဆုမှာတော့ ရိုမေးနီးယားအသင်းမှ ရွှေ ၊ စကာၤပူမှ ငွေနဲ့မော်ဒိုဗာမှ ကြေး ရခဲ့ပါတယ်။

ယခုနှစ် FIRST Global Robotics Challenge ပြိုင်ပွဲကို သြဂုတ်လ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ မက္ကဆီကို နိုင်ငံ မက္ကဆီကိုစီးတီးမြို့မှာ Energy Impact ခေါင်းစဉ်နဲ့နေ့စဉ်သုံး စွမ်းအင်များရဲ့ သက်ရောက်မှုနဲ့ရေရှည်တည်တံ့အောင် ထိန်းသိမ်းရတဲ့ ပုံစံနဲ့ပြိုင်ခဲ့ကြတာပါ။

Photo: Azteca Noticias

 

၂၀၁၇ ခုနှစ် FIRST Global Robotics Challenge မှာ မြန်မာနိုင်ငံကိုယ်စားပြု လူငယ်အသင်းမှ ပြိုင်ပွဲ ၆ ပွဲမှာ ၅ ပွဲနိုင် စုစုပေါင်း ၅၈၄ မှတ် ရခဲ့ပြီး ဆဌမချိတ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က