ဖရန့်ဖတ်ကို ၅-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ထုတ်ပယ်ခံခဲ့ရတာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ ယခုရာသီမှာ ပုံမှန်စွမ်းဆောင်ရည်အောက်ကျဆင်းနေတဲ့ အသင်းကို ရလဒ်ကောင်းတွေ ပြန်လည်ရရှိအောင် မစွမ်းဆောင်ပေးနိုင်တဲ့ နည်းပြကိုဗတ်ကို ဖရန့်ဖတ်အသင်းကို ၅-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ထုတ်ပယ်ခဲဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအချိန်မှာတော့ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်ကို ပြည်တွင်းဖလား ၂ လုံးရရှိအောင် နည်းပြပေးနိုင်ခဲ့တဲ့ ကိုဗတ်က အသင်းနဲ့ လမ်းခွဲဖို့ သဘောတူူညီခဲ့တာဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကို မြင်တွေ့ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ အိုးထရက်ဖို့ဒ်မှာ နည်းပြဆိုးလ်ရှား နည်းပြအဖြစ် ရှိနေသေးတာကို ဒေါသထွက်ခဲ့ကြတယ်လို့ Daily Star ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့စနေနေ့က ဘုန်းမောက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေက ဘာကြောင့် ဘိုင်ယန်မြူးနစ်အသင်းလိုမျိုး နည်းပြဆိုးလ်ရှားကို တူညီတဲ့ချဉ်းကပ်မှုမျိုး မပြုလုပ်တာလဲလို့ တွစ်တာမှာ မေးခွန်းထုတ်ခဲ့ကြတာဖြစ်ပါတယ်။



“အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ဘိုင်ယန်က ကိုဗတ်ကို ထုတ်ပယ်လိုက်တဲ့အချိန်မှာ ယူနိုက်တက်က အဆင့် ၁၀ မှာ ရပ်တည်နေပြီး ဘုန်းမောက်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ပြီးနောက်မှာ ငါတို့က အိုလေနဲ့ပတ်သက်ပြီး စိတ်ရှည်သည်းခံရမယ်လို့ အပြောခံနေရတယ်”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

“ဘိုင်ယန်က အရှက်ရဖွယ်ရလဒ်နဲ့ကြုံပြီးနောက်မှာ ကိုဗတ်ကို ထုတ်ပယ်ခဲ့တယ်။ အသင်းကြီးတစ်သင်းပဲ။ သောက်တလွဲတွေ လက်မခံဘူး။ ယူနိုက်တက်မှာတော့ ကျွန်တော်တို့အားလုံးက သာမန်အရည်အချင်းရှိတဲ့သူတွေနဲ့ အသားကျနေတယ်။ အဲဒီတော့ ကျွန်တော်တို့ နည်းပြကတော့ နောက်ထပ် ၃ နှစ်လောက်အထိ အလုပ်မပြုတ်ဖို့ စိတ်ချရတယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း ရေးသားခဲ့ပါတယ်။

Share

က္က