ပေါင် ၃၁ သန်းအထိ ဘိုင်ယန်က စျေးခေါ်ထားပါတယ်။

လာမယ့်ရာသီမှာ ထွက်ခွာခွင့်ပေးခဲ့ပြီဖြစ်ပြီး ၂၀၁၇ မှာ လိုင်ယွန်ကနေ ပေါင် ၃၇ သန်းနဲ့ ခေါ်ယူခဲ့တဲ့ကစားသမားဟာ ၃ နှစ်ကြာကစားပြီးနောက် အသင်းသစ်ရှာဖွေရတော့မှာဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းဟာ ကွင်းလယ်လူတိုလစ်ဆိုကို အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့ပြီလို့ သိရပါတယ်။ ပြင်သစ်သတင်းစာ RMC Sport ရဲ့ ဖော်ပြချက်အရ လာမယ့်ရာသီမှာ ထွက်ခွာခွင့်ပေးခဲ့ပြီဖြစ်ပြီး ၂၀၁၇ မှာ လိုင်ယွန်ကနေ ပေါင် ၃၇ သန်းနဲ့ ခေါ်ယူခဲ့တဲ့ကစားသမားဟာ ၃ နှစ်ကြာကစားပြီးနောက် အသင်းသစ်ရှာဖွေရတော့မှာဖြစ်ပါတယ်။

တိုလစ်ဆိုကို ခေါ်ယူဖို့ အင်တာမီလန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေတယ်လို့လည်း အဆိုပါသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူအတွက် ဘိုင်ယန်က ပေါင် ၃၁သန်း သတ်မှတ်ထားပြီး ယူနိုက်တက်ဟာ တိုလစ်ဆိုနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီးသားဖြစ်မယ်လို့လည်း ယုံကြည်ရကြောင်း ဆိုပါတယ်။ 

တိုလစ်ဆိုဟာ ဘိုင်ယန်အတွက် ၆၈ ပွဲသာကစားပေးခဲ့ရပြီး ၁၄ ဂိုးသွင်းယူကာ ၁၂ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ ဒူးဒဏ်ရာကြောင့် တိုလစ်ဆိုက နှစ်ပွဲတည်းသာ ကစားပေးနိုင်ခဲ့ပြီး ခွဲစိတ်မှုခံယူခဲ့ရကာ ဒီရာသီမှာတော့ ၂၄ ပွဲ ကစားပေးပြီး ၃ ဂိုးသွင်းကာ ၅ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ 

လက်ရှိမှာလည်း တိုလစ်ဆိုက အသင်းအတွက် ပုံမှန်ကစားခွင့်မရရှိဘဲ သူ့အတွက်တော့ ဘိုင်ယန်ရဲ့ နောက်ဆုံးပွဲကို ကစားပေးခဲ့ပြီးပြီလို့ ယူဆရကြောင်းလည်း သိရပါတယ်။ လက်ကျန်ပွဲစဉ်တွေမှာလည်း နည်းပြဟန်ဆီဖလစ်က သူ့ကို လူစားဝင်ကစားသမားအဖြစ်နဲ့သာ အသုံးပြုသွားဖို့ရှိနေပြီး ပြင်သစ်ကြယ်ပွင့်အနေနဲ့ သူ့ကိုခေါ်ယူချင်တဲ့ကလပ်အသင်းတွေနဲ့ ညှိနှိုင်းရတော့မှာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က