ဆာနေးက သူ့ရဲ့အေးဂျင့်ကို အပြောင်းအလဲပြုလုပ်ထားပါတယ်။

လက်ရှိမှာ သူတို့နှစ်ဦးနှစ်ကြားစာချုပ်သက်တမ်းက ၂နှစ်ခန့်သာရှိတော့တယ်လို့ ယူဆရပြီး မန်စီးတီးအနေနဲ့ လာမယ့်နွေရာသီမှာရောင်းထုတ်မလား၊ အရဲစွန့်ကာအသင်းမှာ ဆက်ထိန်းသိမ်းထားမလား ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။ 


မန်စီးတီးအသင်းရဲ့တောင်ပံကစားသမားလီရွိုင်းဆာနေးဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေဖို့နီးစပ်နေပြီလို့ သိရပါတယ်။ Mirror ရဲ့ ဖော်ပြချက်အရ ဆာနေးရဲ့ ကိုယ်စားလှယ်တွေဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့အတွက် အရှိန်အဟုန်နဲ့ ကြိုးစားပေးနေပြီး နွေရာသီမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ 

ဘိုင်ယန်မြူးနစ်ကတော့ ဆာနေးကို ပြီးခဲ့တဲ့ရာသီကတည်းက စိတ်ဝင်စားနေခဲ့ပြီး လက်ရှိအချိန်ထိလည်း ခေါ်ယူဖို့ရည်မှန်းထားဆဲဖြစ်ပါတယ်။ ဘိုင်ယန်ဘက်က ဆာနေးအတွက် ပေါင်သန်း ၇ဝပေးချေဖို့ အသင့်ဖြစ်နေပြီး မန်စီးတီးအသင်းဘက်ကသာ သဘောတူညီမှုရှိခဲ့မယ်ဆိုရင် အပြောင်းအရွှေ့ဖြစ်လာဖို့ သေချာနေပြီဖြစ်ပါတယ်။ 

ဆာနေးဟာ ဒီနှစ်ဘောလုံးရာသီတစ်ခုလုံးကို ဒဏ်ရာကြောင့် လွဲချော်နေခဲ့ရပြီး အနားယူနေခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက ရရှိခဲ့တဲ ့ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ဆာနေးဟာ မန်စီးတီးအတွက် မကစားပေးနိုင်တာ ကြာမြင့်နေပြီဖြစ်ပြီး ပြန်လည်ကစားနိုင်ပါကလည်း ပုံမှန်နေရာရရှိဖို့ ဂွာဒီယိုလာဆီက အာမခံချက်မရှိတာကြောင့် အသင်းပြောင်းဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ 

မန်စီးတီးဘက်က ဆာနေးကို စာချုပ်သက်တမ်းတစ်နှစ်တိုးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားဘက်က ငြင်းဆန်ထားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ သူတို့နှစ်ဦးနှစ်ကြားစာချုပ်သက်တမ်းက ၂နှစ်ခန့်သာရှိတော့တယ်လို့ ယူဆရပြီး မန်စီးတီးအနေနဲ့ လာမယ့်နွေရာသီမှာရောင်းထုတ်မလား၊ အရဲစွန့်ကာအသင်းမှာ ဆက်ထိန်းသိမ်းထားမလား ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။ 

ဆာနေးဟာ သူ့ရဲ့အေးဂျင့်ကို ပြောင်းလဲထားခဲ့သူဖြစ်ပြီး LIAN Sports ကို တာဝန်ပေးထားခဲ့တယ်လို့ သိရပါတယ်။ အေးဂျင့်တစ်ဦးဖြစ်သူ ဒါမီဆမိုလ်ဂျန်ကလည်း ဆာနေးရဲ့ အပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီး သူတို့က ကူညီအကြံပေးသွားရတော့မှာဖြစ်တယ်လို့ တရားဝင်ဖွင့်ဟပြောဆိုခဲ့ပြီး ဆာနေးကို ဘိုင်ယန်က စိတ်ဝင်စားနေတယ်လို့လည်း အတည်ပြုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က