အင်ဒိုနီးရှားရဲ့ အကြီးဆုံး အွန်လိုင်းစတိုးကြီး ဖြစ်တဲ့ Tokopedia ကို ဖောက်ထွင်းခဲ့တဲ့ အဖွဲ့ပါ

ShinyHunters လို့ ခေါ်တဲ့ ဟက်ကာအဖွဲ့တစ်ဖွဲ့ဟာ ကုမ္ပဏီ ၁၀ ခုရဲ့ အချက်အလက်တွေကို Dark Web ဈေးကွက်မှာ ရောင်းချနေတယ်လို့ ဆိုပါတယ်။

ဒီဟက်ကာအဖွဲ့ဟာ ခိုးယူထားတဲ့ ကုမ္ပဏီ ၁၀ ခုနဲ့ သက်ဆိုင်တဲ့ user databases တွေကို တရားမဝင် dark web marketplace ပေါ်မှာ ရောင်းချနေတာ ဖြစ်တယ်လို့ ZDNet သတင်းက ဆိုပါတယ်။ ShinyHunters အဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်က အင်ဒိုနီးရှားရဲ့ အကြီးဆုံး အွန်လိုင်းစတိုးကြီး ဖြစ်တဲ့ Tokopedia ကို ဖောက်ထွင်းခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။




Photo: zdnet

အစောပိုင်းက ဟက်ကာတွေဟာ အွန်လိုင်းပေါ်မှာ သုံးစွဲသူမှတ်တမ်းပေါင်း ၁၅ သန်းကို အခမဲ့ ပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ သုံးစွဲသူ ၉၁ သန်းရဲ့ အချက်အလက်တွေ ပါဝင်တဲ့ ကုမ္ပဏီရဲ့ database တစ်ခုလုံးကိုဒေါ်လာ ၅၀၀၀ နဲ့ ရောင်းချခဲ့ပါတယ်။ Tokopedia ရဲ့ အချက်အလက်‌ရောင်းချမှုကနေ အမြတ်ထွက်လာခဲ့ပြီးနောက် ဒီအဖွဲ့ဟာ နောက်ထပ် ကုမ္ပဏီ ၁၀ ခုကျော်ရဲ့ database တွေကို ရောင်းချဖို့ လုပ်လာတာပါ။

ခိုးယူခံရတဲ့ အချက်အလက် database တွေထဲမှာ အွန်လိုင်း dating app Zoosk (သုံးစွဲသူမှတ်တမ်း သန်း ၃၀) ၊ ပုံနှိပ်လုပ်ငန်း Chatbooks (သုံးစွဲသူမှတ်တမ်း ၁၅ သန်း) ၊ တောင်ကိုရီးယားဖက်ရှင်ပလက်ဖောင်း SocialShare (သုံးစွဲသူမှတ်တမ်း ၆ သန်း) ၊ အစားအသောက်ပို့ဆောင်ရေး လုပ်ငန်း Home Chef (သုံးစွဲသူမှတ်တမ်း ၈သန်း) ၊ အွန်လိုင်းသတင်းစာစောင် Chronicle of Higher Education (သုံးစွဲသူမှတ်တမ်း ၃ သန်း) ၊ တောင်ကိုရီးယား အိမ်သုံးပရိဘောဂမဂ္ဂဇင်း GGuMim ( သုံးစွဲသူမှတ်တမ်း ၂ သန်း) ၊ ကျန်းမာရေးမဂ္ဂဇင်း Mindful (သုံးစွဲသူမှတ်တမ်း ၂ သန်း) ၊ အင်ဒိုနီးရှား အွန်လိုင်းစတိုး Bhinneka (သုံးစွဲသူမှတ်တမ်း ၁.၂သန်း) နဲ့ အမေရိကန်သတင်းစာ StarTribune ( သုံးစွဲသူမှတ်တမ်း ၁သန်း) တို့ ပါဝင်ပါတယ်။

database မှတ်တမ်း စုစုပေါင်း ၇၃.၂ သန်း ပါဝင်ပြီး database တစ်ခုချင်းစီကို သီးသန့်ရောင်းချမှုနဲ့ စုစုပေါင်း ဒေါ်လာ ၁၈၀၀၀ နှုန်းနဲ့ ဟက်ကာတွေက ရောင်းချနေတာပါ။ ShinyHunters ဟာ Microsoft ရဲ့ ပုဂ္ဂလိကပိုင် GitHub repositories တွေကနေ ဒေတာအချက်အလက် 500GB ခိုးယူခဲ့တယ်လို့ ပြောကြားခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က